သင်က မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ့် သတို့သမီးလောင်းတစ်ယောက် ဒါမှမဟုတ် မင်္ဂလာပွဲကျင်းပဖို့အတွက် အစီအစဥ်ရှိ‌နေပြီလား ? သတို့သမီးတိုင်းဟာ ပွဲရက် နီးလာတာနဲ့အမျှ အရာရာ အဆင်ပြေချော့မွေ့ဖို့အတွက် စိတ်ဖိစီးတတ်ကြလေ့ရှိပါတယ်။ ဒါကြောင့်  ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲရက်လေးကို ပိုင်ဆိုင်နိုင်စေဖို့ မင်္ဂလာရက်မတိုင်ခင်မှာ ဘယ်လိုအရာတွေကို ကြိုပြီး ပြင်ဆင်လေ့ကျင့်သင့်လဲဆိုတာ ဖော်ြပပေးလိုက်ပါတယ်။

အပြုံးလှလှလေးကို လေ့ကျင့်ထားပါ

အလှဆုံး သတို့သမီးတစ်ယောက်ဖြစ်စေဖို့ မိတ်ကပ်ပညာရှင်က တာဝန်ယူထားပြီးသားပါ။ ပွဲအတွက်ကိုလည်း သူငယ်ချင်းတွေက ကူညီပေးနေကြတာမလို့ သင့်ရဲ့တာဝန်က တစ်ခုတည်းပါ။ ပြုံးပါ။ ပွဲမှာ အလှဆုံး လူတစ်ယောက်ဖြစ်စေဖို့ လေ့ကျင့်ထားပါ။ တကယ်လို့ လေ့ကျင့်ရတာအဆင်မပြေဘူးဖြစ်နေရင်တော့ သင့်ကို ရယ်မောစေနိုင်မယ့် သူငယ်ချင်းကို အနားခေါ်ထားဖို့ မမေ့ပါနဲ့နော်။

ဖိနပ်နဲ့ လမ်းလျှောက်လေ့ကျင့်ပါ

ပွဲနေ့မှာ ဒေါက်ဖိနပ်လှလှလေးစီးဖို့ စီစဥ်ထားပေမယ့် သင်က ဒေါက်ဖိနပ်ကို စီးလေ့စီးထမရှိဘူးဆိုရင်တော့ ကြိုတင်လေ့ကျင့်သင့်ပါတယ်။ ဒေါက်ဖိနပ်အတွက် လမ်းလျှောက်လေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ အမြဲစီးထားဖို့ပါ။ ဒါကြောင့် အခုကစပြီး အလုပ်သွားရင်း ၊ အိမ်မှာနေရင်း ခြေထောက်နဲ့ ခြေသလုံးကြွက်သားတွေ ပုံသဏ္ဍာန်အမှန်ဖြစ်ဖို့အတွက် ဒေါက်ဖိနပ်ကို ဝတ်ရင်းလေ့ကျင့်ပေးပါ။

စကားပြောလေ့ကျင့်ပါ

ဧည့်ခံပွဲမှာ ကျေးဇူးတင်စကား ပြောကြားတဲ့အချိန် ပရိသတ်ကို ရှက်နေရင် စိတ်ဖိစီးပြီး အဆင်မပြေဖြစ်တတ်ပါတယ်။ဒါကြောင့် ကြိုပြီး မှန်ရှေ့မှာ တစ်ယောက်တည်း တတ်နိုင်သလောက် အရင်လေ့ကျင့်ပါ။ ပြီးရင် သူငယ်ချင်း ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်နဲ့ တစ်ခါနှစ်ခါ လေ့ကျင့်ပေးပါ။ ပြောတဲ့အခါ မှားမပြောမိစေဖို့ ပြောချင်တဲ့စကားလေးတွေကို ကြိုစီစဥ်ထားသင့်ပါတယ်။

စကားပြောစွမ်းရည်ကို လေ့ကျင့်ပါ။

စကားပြောရင်းနဲ့ ပြုံးတတ်အောင် လေ့ကျင့်ပါ။ ဧည့်ခံပွဲမှာ  ဧည့်သည်တွေကို ကောင်းကောင်းပြန်ဧည့်ခံ ပြန်ပြောနိုင်ဖို့က အရေးကြီးပါတယ်။ မင်းရဲ့မင်္ဂလာပွဲနေ့မှာ နည်းနည်းလေး စိတ်ရှုပ်ရတာ ရှက်စရာမရှိပါဘူး။ ပြောနေတဲ့ အမူအယာ စကားတွေက ယဉ်ကျေးနေတယ်ဆိုရင် သင်ပြောသမျှ လုပ်သမျှ အဆင်ပြေသွားမှာပါ။ အမူအကျင့်တွေက အမြဲတမ်း အရေးကြီးတာမလို့ သင်သတို့သမီးဖြစ်တဲ့အခါ ပိုတောင် အရေးကြီးပါသေးတယ်။

စိတ်ကိုပေါ့ပါးအောင်နေပါ

သတို့သမီးတစ်ယောက်အနေနဲ့ လှနေဖို့လိုအပ်တယ်ဆိုပေမယ့် ပိုအရေးကြီးတာက စိတ်ဖိစီးမှုကင်းနေဖို့ပါ ။ ဒါကြောင့်  မင်္ဂလာမဆောင်မီ တစ်ရက်အလိုမှာ  spa သွားပါ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ မိသားစုတွေနဲ့  အချိန်ဖြုန်းပါ။ တတ်နိုင်သမျှ စိတ်အေးလက်အေး နေလိုက်ပါ။