လူအများစုရဲ့တစ်နေ့တာကို အစပြုတတ်တဲ့ အလေ့အကျင့်ကိုပြောပါဆို ငိုက်မြည်းခြင်းတွေကို ဖယ်ရှားနိုင်ဖို့ ရေချိုးခြင်းနဲ့ မကြာခဏ အစပြုကြတာများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်က ရေချိုးပုံချိုးနည်းတွေကလည်း မတူညီတတ်ကြပါဘူး။

ပုံမှန်အချိန်မှာဆို သတိထားမိမှာမဟုတ်ပေမယ့် လူအားလုံးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကနေစပြီး အမြဲရေလောင်းချိုးလေ့ရှိတတ်ပါတယ်။ အဲ့အစိတ်အပိုင်းက ဘယ်တစ်ခုလည်းဆိုတာပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့အကျင့်စရိုက်ဘယ်လိုရှိလဲဆိုတာကို အခုဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

မျက်နှာအရင်သစ်ရင်

Source: Best Life

ရေချိုးတိုင်း မျက်နှာအရင်သစ်တတ်သူတွေဟာ ကိုယ့်ကိုသူများတွေဘယ်လိုမြင်လဲဆိုတာကို အရမ်းအလေးထားတတ်ကြပါတယ်။ ဒါနဲ့ပဲ စိတ်ရှုပ်လွန်၊ စိတ်ဖိစီးလွန်တတ်ပြီး သူများဆီကနေ ကိုယ်နဲ့ပတ်သက်လို့ မကောင်းကြောင်းလုံးဝအပြောမခံနိုင်ပါဘူး။

လက် သို့မဟုတ် ခြေထောက်အရင်ဆေးရင်

Source: Best Life

ခြေထောက်ကိုအရင်ရေလောင်း၊ ရေဆေးတတ်သူတွေက ဘဝင်လေဟပ်ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူတွေဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ကြောက်ရွံ့မှုမရှိဘဲ ဖော်ပြတတ်ပြီး ကြိုက်တယ်ဆိုကြိုက်တယ် မကြိုက်ဘူးဆိုမကြိုက်ဘူး ပြတ်သားတတ်သူတွေပါ။

ချိုင်းအရင်ရေလောင်းတတ်ရင်တော့ လူ့အသိုင်းအဝိုင်းကြားမှာ ပေါင်းသင်းတတ်သူတစ်ဦးဖြစ်ပြီး ယုံကြည်အားကိုးရသူလည်းဖြစ်ပါတယ်။ ပင်ပန်းခက်ခဲမှုတွေကိုရင်ဆိုင်ရမှာလည်း မကြောက်ရွံ့တတ်ပါဘူး။

လူမမြင်နိုင်တဲ့နေရာတွေကို အရင်သန့်ရှင်းရင်

Source: Friday Night Column

တခြားနေရာတွေထက် လူမမြင်နိုင်တဲ့ ကိုယ့်ရဲ့အတွင်းအစိတ်အပိုင်းတွေကို အရင်သန့်ရှင်းတတ်သူတွေဟာ ရှက်ကြောက်တတ်သူတွေဖြစ်ပါတယ်။ Introvert လို့လည်း ကိုယ့်ကိုယ်ကိုခေါ်နိုင်ပြီး ဖာသိဖာသာ နေတတ်ကြပါတယ်။ လူအများကြီးရှိတဲ့နေရာတွေမှာဆိုရင် သိပ်ပြီးသတိထားမိမှာမဟုတ်ပေမယ့် သူတို့ကိုရင်းရင်းနှီးနှီးသိသူတွေကတော့ စိတ်ရင်းကောင်းသူတစ်ယောက်လို့ ဖွင့်ဆိုပါလိမ့်မယ်။

ရင်ဘတ်ကိုအရင်ရေလောင်းရင်

Source: BrightSide

ရေချိုးရင်းနဲ့ ကိုယ့်ရင်ဘတ်ကို အရင်ပွတ်တတ်တာမျိုး သတိထားမိပါသလား။ ဒါဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ဦးပဲဖြစ်ပါတယ်။ အရာရာမှာ လက်တွေ့ဆန်ပြီး ပွင့်ပွင့်လင်းလင်းရှိသူလည်းဖြစ်ပါတယ်။ စိတ်ဆုံးဖြတ်ချက်ခိုင်မာပြီး သူများရဲ့လွှမ်းမိုးခြင်းခံရခဲပါတယ်။

ခေါင်းအရင်လျှော်တတ်ရင်

Source: InStyle

ခေါင်း သို့မဟုတ် ဆံပင်ကို အရင်ရေလောင်းတတ်သူတွေကတော့ စည်းကမ်းတကျနေတတ်ထိုင်တတ်သူတွေဖြစ်ပါတယ်။ လက်တွေ့ဆန်တာကိုပဲယုံကြည်ပြီး အချိန်ကိုလည်းကောင်းကောင်းစီမံခန့်ခွဲတတ်ကာ အချိန်မှန်သူတစ်ဦးပါ။ သူငယ်ချင်းအပေါင်းအသင်းရွေးချယ်ရာမှာလည်း ချမ်းသာမှုထက် ဦးနှောက်ကို မကြာခဏ ဦးစားပေးတတ်ကြပါတယ်။

ပခုံးနဲ့လည်ပင်းကိုအရင်ရေလောင်းရင်

Source: Insider

အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်တတ်သူတွေဟာ တာဝန်ဝတ္တရားတွေ ထမ်းပိုးရတာများတဲ့အတွက် ဒါတွေကိုလျော့ပေါ့ချင်လို့ ပုခုံးနဲ့လည်ပင်းတစ်ဝိုက်နေရာတွေကို အရင်ရေလောင်းတတ်လေ့ရှိကြပါတယ်။ အကောင်းမြင်တတ်ပြီး သူများတွေနဲ့ဆက်ဆံရာမှာလည်း တန်ပြန်ဟပ်တာမျိုးကိုပဲ လိုချင်တတ်ကြပါတယ်။ ပြိုင်ဆိုင်စိတ်လည်းပြင်းထန်ပြီး တခြားသူတွေထက် ရှေ့တစ်ပန်းသာနေတာကိုပဲ လိုချင်ကြပါတယ်။

နောက်ကျောကိုအရင်ရေချိုးရင်

Source: Brianandmouth

ဘယ်လိုကိစ္စမျိုးမဆို နက်နက်နဲနဲတွေးခေါ်စဥ်းစားတတ်ပြီး သေချာအလေးအနက်စဥ်းစားပြီးမှသာ ဆုံးဖြတ်ချက်တွေချတတ်ကြပါတယ်။ မပေါင်းသင်းတတ်လို့ တစ်ယောက်တည်းနေတတ်ကြတာမဟုတ်ဘဲ ဘယ်သူ့ဘယ်သူရဲ့နှောင့်ယှက်မှုမှမရှိတဲ့ တစ်ယောက်တည်းအချိန်ကို လိုချင်လို့ကို နေနေကြတာဖြစ်ပါတယ်။