မိန်းကလေးနဲ့ အိမ်မှုကိစ္စ ဆိုတာ အမြဲတမ်းအတူတူလိုမျိုးရှိနေတဲ့ အရာမျိုးပါပဲ။ အရင်ခေတ်ကလိုမျိုးတော့ အမျိုးသမီးတွေ တော်တော်များများက အိမ်မှာပဲအိမ်မှုကိစ္စတွေလုပ်ပြီး အချိန်ကုန်နေကြတဲ့ ခေတ်မဟုတ်တော့ဘူးဆိုပေမယ့်လည်း အချိန်ကုန်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်ဝတ်ရတနာတွေကို သန့်စင်တဲ့အခါ

လက်ဝတ်ရတနာတွေက ဝတ်တာကြာလို့ နည်းနည်းညစ်ပတ်လာတဲ့အခါမှာ ဆိုင်တွေကိုသွားပြီး သန့်စင်နေစရာမလိုပဲ လွယ်ကူတဲ့နည်းလမ်းလေးနဲ့ ဖြေရှင်းချင်တဲ့ပျိုမေတို့အတွက် နည်းလမ်းကတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည်ထဲကို လက်ဝတ်ရတနာတွေထည့်စိမ်ပြီး ဆေးပေးတာမျိုးဆိုရင် အသစ်တိုင်းပြန်လည်တောက်ပလာစေမှာပါ။

အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ

အိမ်မှာသန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အတွင်းပိုင်းနေရာတွေကိုပါ သန့်စင်အောင်လုပ်ပေးဖို့အတွက် ဖုန်စုတ်တဲ့အခါမှာ အကူပစ္စည်းတစ်ခုတော့လိုမှာပေါ့။ အဲဒါကတော့ အချဉ်ညစ်တဲ့ဘူးထိပ်က အချွန်လေးပါ။ ဒီအဖုံးအချွန်လေးကို ဖုန်စုပ်ပိုက်ထိပ်မှာတပ်ပေးပြီး အိမ်ရဲ့အတွင်းကျတဲ့နေရာတွေကို စုပ်ပေးဖို့ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။

ဒယ်အိုးမီးကျွမ်းသွားတဲ့အခါ

ချက်ပြုတ်နေရင်းနဲ့ မတော်တဆဟင်းအိုးတူးသွားတာမျိုးတွေဆိုရင် လွယ်လွယ်ကူကူနဲ့ ပြန်လည်ဆေးကြောလို့ရမယ့် နည်းလမ်းလေးကတော့ ဆားကိုတူးသွားတဲ့ဒယ်အိုးပေါ်မှာ ဖြူးထားပေးပြီး အာလူးနဲ့ပွတ်ပြီးဆေးပေးမယ်ဆိုရင် ပိုပြီးတော့လွယ်ကူစေတာပေါ့။

Photo Source: Unsplash