ပုံမှန်အချိန်မှာတောင်မှ Stress ပိနေရင် နေလို့ထိုင်လို့မကောင်းတာမျိုးတွေ ဖြစ်ပါတယ်။ နွေရာသီလို ရာသီဥတုပူတဲ့အချိန်မှာဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် ရာသီဥတုပူတဲ့အချိန်မှာ Stress တွေကိုလျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ရေကူးပါ

ရာသီဥတုပူရင် ရေကူးတာ အကောင်းဆုံးပေါ့။ ဒါပေမယ့် အပူရှပ်တာမျိုးလည်း စိုးရိမ်ရတဲ့အတွက် နေ့ခင်းကြောင်တောင်ကြီး ကူးတာမျိုးတော့ မလုပ်မိစေနဲ့နော်။ ပူတဲ့အချိန်မှာ ရေကူးပြီး Relax လုပ်လိုက်ရင် ပေါ့ပါးပြီး Stress တွေလည်း လျော့ကျသွားမယ်၊ ညဘက်တွေမှာလည်း အိပ်လို့ကောင်းသွားမှာပါ။

Short Trip သွားပါ

ရာသီဥတုပူတဲ့အချိန် အတွေးတွေများနေရင် Stress တွေပိုပိပြီး စိတ်ပင်ပန်းရပါတယ်။ ဒီတော့ တိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာ၊ သစ်ပင်လေးတွေနဲ့ အရိပ်ရပြီး အနားယူလို့ကောင်းတဲ့နေရာတွေကို Short Trip သွားကြည့်လိုက်ပါ။ Stress တွေလျော့ကျပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

Staycation လုပ်ပါ

Trip မသွားချင်တဲ့သူတွေကတော့ အေးအေးဆေးဆေး Staycation လုပ်ကြည့်ပါ။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ Stress တွေ အားလုံးပြေပျောက်သွားပါလိမ့်မယ်။ နွေရာသီနဲ့ ရာသီဥတုပူတဲ့အချိန်တွေမှာတော့ Staycation လုပ်လို့အကောင်းဆုံးပါပဲ။

ရုပ်ရှင်ကြည့်အနားယူပါ

ဘယ်မှမသွားချင်တဲ့သူတွေကတော့ အိမ်မှာပဲ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပြီး အနားယူပါ။ သက်တောင့်သက်သာဖြစ်တဲ့နေရာမျိုးမှာ ရုပ်ရှင်ကြည့်ပါ။ ဒါဆိုရင် နေရတာလည်း အဆင်ပြေပြီး ရုပ်ရှင်ထဲစိတ်ရောက်နေတဲ့အတွက် Stress တွေကိုလည်း မေ့ပျောက်သွားပါလိမ့်မယ်။

စာအုပ်ဖတ်ပါ

အေးအေးဆေးဆေး လေကောင်းလေသန့်ရတဲ့နေရာလေးမှာ စာအုပ်ထိုင်ဖတ်ခြင်းကလည်း စိတ်ရောကိုယ်ပါ တည်ငြိမ်မှုရရှိစေပြီး Stress တွေလျော့ကျစေပါတယ်။ ရာသီဥတုပူတဲ့အခါ ငြိမ်ငြိမ်လေးနေတာက အကောင်းဆုံးပါပဲ။ ချွေးထွက်ရင် ပိုပင်ပန်းပါတယ်။