မင်္ဂလာပါပျိုမေတို့ရေ။ အလှအပနဲ့ ပတ်သက်လို့ ဆောင်းပါးတွေ တော်တော်များများကို MyStyle Myanmar ကနေလည်း ဖော်ပြနေကျဆိုတော့ အများကြီးသိထားမယ်လို့ ထင်ပါတယ်နော်။ ဒီတခါမှာတော့ ပျိုမေတို့ကို ပိုပြီး နုပျိုလှပနေစေဖို့ အလှအပဆိုင်ရာ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ဂျီးချွတ်ပါ

မျက်နှာပေါ်မှာ ပိတ်နေတဲ့ ချွေးပေါက်တွေ ပွင့်စေဖို့နဲ့ ဆဲလ်သေတွေ ဖယ်ရှားပေးဖို့အတွက် ဂျီးချွတ်ပေးသင့်ပါတယ်။ ဒါ့အပြင် အသားအရေ ကြမ်းတမ်းနေတဲ့အခါမှာလည်း ဂျီးချွတ်ပေးပါ။ ဆား (သို့) သကြားနဲ့ မျက်နှာကို သေချာလေး ပွတ်ပေးလိုက်ပါ။

သန့်ရှင်းပါ

ဆပ်ပြာက သင့်မျက်နှာအသားအရေကို ခြောက်သွေ့စေပါတယ်။ ဆပ်ပြာနဲ့ အရမ်းပွတ်တိုက်ပြီး မျက်နှာမသစ်သင့်ပါဘူး။ အရင်ဆုံး သဘာဝ Cleanser နဲ့ မျက်နှာကို သုတ်ပေးလိုက်ပြီး ဆပ်ပြာနဲ့ ခပ်ဖွဖွလေး မျက်နှာသစ်ပေးလိုက်ပါ။

Moisturizer သုံးပါ

အသားအရေကို ဂျီးချွတ် သန့်ရှင်းပေးပြီးသွားရင် အလိုအပ်ဆုံးက Moisturizer သုံးပေးဖို့လိုအပ်ပါတယ်။ မနက်ခင်းမှာ တစ်ခါ ညအိပ်ယာမဝင်ခင်မှာတစ်ခါ လိမ်းပေးခြင်းဖြင့် သင့်မျက်နှာအသားအရကို နုပျိုစေမှာဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ကပ်မလိမ်းခင် မိနသ်အနည်းငယ်အလိုမှာလည်း လိမ်းပေးပါ။

မိတ်ကပ်ကို သဘာဝကျကျပဲလိမ်းပါ

မိတ်ကပ်ကို အရမ်းထူထူလိမ်းရင် သင့်ကို ရုပ်ရင့်စေပါတယ်။ မိတ်ကပ်ကို အရမ်းမထူစေဘဲ သဘာဝကျကျ လိမ်းပေးပါ။