စာဖတ်သူတွေထဲမှာအသည်းကွဲတဲ့သူရှိလားရှင့်။ အသည်းကွဲတာကို အမျိုးမျိုး ကုစားကြပါတယ်။ ဒီတခါမှာတော့ အသည်းကွဲတာကို အကောင်းဆုံးကုစားပေးနိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

အမှတ်တရပစ္စည်းတွေကို လှူပစ်ပါ။

သူကပေးထားတဲ့ အမှတ်တရပစ္စည်းလေးတွေကို လှူပစ်လိုက်ပါ။ ကိုယ့်နားမှာမထားပါနဲ့။ ဒါဆိုရင် သူ့ကို တခါလေတတိရတာကို သက်သာစေမှာပါ။

ခွန်အားဖြစ်စေတဲ့ သီချင်းတွေနားထောင်ပါ။

အသည်းကွဲပါတယ်ဆို အသည်းကွဲသီချင်းတွေနားမထောင်ပါနဲ့နော်။ အသည်းကွဲတာတွေအတွက် ခွန်အားဖြစ်စေတဲ့ သီချင်းကို နားထောင်ပါ။ ဂီတာတီးသင်တာပဲဖြစ်ဖြစ် တူရီယာတမျိုးမျိုး တီးသင်ပါ။

လုပ်အားပေးဝင်လုပ်ပါ။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေးဝင်လုပ်ပါ။ ဒါဆိုရင် သင့်ရဲ့ စိတ်တွေ အပြောင်းအလဲဖြစ်နိုင်ပြီး သူ့ဆီ စိတ်အမြဲရောက်နေတာတွေကို သက်သာစေမှာပါ။

တိရိစ္ဆာန်တွေကိုကယ်တင်ပါ။

ပရဟိတလုပ်ငန်းတွေအပြင် ခွေး ငှက် ကြောင် စတဲ့ တိရိစ္ဆာန်လေးတွေကို ကယ်တင်ပါ။ အစာကျွေးပါ ဂရုစိုက်ပါ။

နာကျင်ရတဲ့ အကြောင်းရင်းကို ရှာဖွေပါ။

ကိုယ်ဘာလို့ နာကျင်တာလဲ။ ကိုယ်ဘာလို့ သူ့ကိုမမေ့နိုင်တာလဲဆိုတာ ရှာဖွေပါ။ ရှက်လို့လား။ လွှမ်းလို့လား။ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား။ သူ့အကြောင်းကို မေ့ပစ်ဖို့ မကြိုးစားပါနဲ့။ တွေးနိုင်သလောက် ထိုင်တွေးလိုက်ပါ။ ပြီးရင် ကိုယ်လုပ်စရာရှိတာလုပ်ပါ။

ကလေးတွေကို စာပြပါ။

ကလေးတွေကို စာပြပေးပါ။ ဒါဟာ စိတ်ဖြေဖျောက်စရာတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင့်ရဲ့ စိတ်အာရုံကို ပြောင်းစေမှာပါ။

ခရီးသွားပါ။

အပြောင်းလဲဖြစ်သွားအောင် ခရီးသွားပါ။ ခရီးသွားတာဟာ စိတ်သစ်လူသစ်ဖြစ်စေပါတယ်။

အတိတ်ကိုတွေးပြီး နာကျင်မနေပါနဲ့။ သူမရှိလည်း ဘဝက ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ဘဝမှာ နောက်ထပ် အပြောင်းအလဲတစ်ခုဖြစ်ဖို့ အသည်းကွဲရတာလို့ပဲတွေးပါ။