မင်္ဂလာပါနော်။ ဘယ်အချိန်မှာ ဆံပင်အဆီပြန်လေ့ရှိသလဲ။ ဆံပင်အဆီပြန်လွယ်လို့ ခဏခဏ ခေါင်းလျှော်နေရလား။
Source:Nizoral
ဒီလိုဆိုရင်တော့ မကောင်းပါဘူးနော်။ ဆံပင်အဆီပြန်တာဟာလည်း ဗောက်ဖြစ်ပြီးယားယံစေပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ ဦးရေပြားခြောက်သွေ့တာ ဆံပင်ပျက်စီးနေတာတွေအတွက်ဆိုရင် ခေါင်းမလျှော်ခင် အဆီလိမ်းပေးတာ၊ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းခဏခဏ တင်ပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဦးရေပြားအဆီပြန်တတ်သူတွေအတွက်တော့ အခုလို အဆီတွေ အများကြီးလိမ်းပေးဖို့လည်းမလိုသလို ပေါင်းဆေးအများကြီးသုံးဖို့မလိုပါဘူး။ အဲဒီလိုလုပ်တာဟာ ဆံပင်ကို ပိုပြီးညစ်ညမ်းလွယ်စေပါတယ်။
၂။ ခေါင်းဖြီးတာကို လျှော့ချပေးပါ။ ခေါင်းခဏခဏ ဖြီးရင် ခေါင်းဘီးမှာ ပေနေတဲ့ အညစ်အကြေးတွေရော ဆံကေသာပေါ် ကပ်ညှိနေနိုင်သလို အဲဒီလို လုပ်ပေးခြင်းဖြင့်လည်း ဦးရေပြားကို ပိုပြီးအဆီပြန်စေပါတယ်။
၃။ ဆံပင်ကိုခဏခဏ ထိခြင်းကနေ ရှောင်ပေးပါ။ ဆံပင်ကို ခဏခဏ ထိပေးတာဟာလည်း ဦးရေပြားမှာ အဆီတွေ ပိုထွက်လာစေနိုင်သလို ဆံသားအဆီပြန်လွယ်စေပါတယ်။
၄။ ဆံပင်ကိုအမြဲတမ်း စည်းမထားသင့်ပါဘူး။ အမြဲတမ်း စီးထားတာဟာလည်း ဆံကေသာကို ပိုပြီးအဆီပြန်လွယ်စေသလို ဆံပင်ကျွတ်စေပါတယ်။
၅။ လေမှုတ်စက်နဲ့ မှုတ်တဲ့အခါပဲဖြစ်ဖြစ် ဖြောင့်စက် ကောက်စက်တွေ သုံးတဲ့အခါမှာပဲဖြစ်ဖြစ် အပူကို လျှော့ပြီးသုံးပေးပါ။ တကယ်တော့မသုံးတာ အကောင်းဆုံးပါပဲ။
၆။ ခေါင်းအုံးစွပ်ကို လျှော်ပါ။ တတ်နိုင်သမျှ တစ်ပတ် တစ်ကြိမ်လောက်ဖြစ်ဖြစ် လျှော်ပေးပါ။ ဆံကေသာမှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေက ခေါင်းအုံးမှာ ကပ်ညှိနေနိုင်သလို သင့်မျက်နှာအသားအရေအတွက်လည်း မကောင်းပါဘူး။
၇။ နွေရာသီနဲ့ ဆောင်းရာသီမှာ ဦးထုပ်စောင်းပြီး ဆံပင်ကို ကာကွယ်ပါ။ အသားအရေအတွက် Lotion တို့ နေလောင်ကာ ခရင်မ်တို့လိမ်းသလို ဆံကေသာကိုလည်း ကာကွယ်ပေးထားသင့်ပါတယ်။