အသားအရေကိုလှပဖို့ကြိုးပမ်းနေကြတဲ့အချိန်မှာ သိထားဖို့လိုအပ်တာတစ်ခုက မျက်နှာအသားအရေလှပနေရုံနဲ့ အဆင်မပြေသေးဘူးဆိုတာပါပဲ။ တစ်ခါတစ်လေမှာ တံတောင်ဆစ်မှာ ညိုမဲနေတာမျိုးတွေလည်းရှိတတ်တာကြောင့် ဒီလိုအရာတွေကို အမြန်ဆုံးပျောက်ကင်းအောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Vaseline လေးပုံမှန်လိမ်းပေးပါ

ညဘက်အိပ်ခါနီးအချိန်မှာ Vaseline လေးနဲ့ တံတောင်ဆစ်ကညိုမဲနေတာတွေကို သက်သာပျောက်ကင်းအောင် လုပ်လို့ရပါတယ်။ တံတောင်ဆစ်ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပြီးအဝတ်သန့်လေးနဲ့ ပြန်ပြီးတော့သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ Vaseline ကို တံတောင်ဆစ်အနှံ့လိမ်းပေးပြီး အဝတ်သန့်သန့်လေးနဲ့ ပတ်ပြီးတော့အိပ်လိုက်ပါ။

မနက်မိုးလင်းတဲ့အချိန်မှာတော့ တံတောင်ဆစ်က အရင်ရက်တွေကလိုမဟုတ်တော့ပဲ စိုစိုပြေပြေလေးဖြစ်နေတာကို မြင်တွေ့ရမှာပါ။ နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာသက်သာလာမှာပဲဖြစ်ပါတယ်။

အုန်းဆီကလည်း အသုံးဝင်နေပါတယ်

အုန်းဆီမှာပါဝင်နေတဲ့အစိုဓာတ်ကလည်း အသားအရေကိုစိုပြေလာစေဖို့ အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ အရင်ဆုံး အုန်းဆီကိုအပူပေးလိုက်ပါ။ သန့်စင်ပြီးခြောက်သွေ့တဲ့ တံတောင်ဆစ်ပေါ်ကို အပူပေးပြီးတဲ့ အုန်းဆီနွေးနွေးလေးကို ညင်သာစွာလိမ်းပေးပြီး အိပ်ယာဝင်လို့ရပါတယ်။ မနက်အိပ်ယာနိုးလာမှ သန့်စင်ပေးလိုက်မယ်ဆိုရင် ညိုမဲနေတဲ့တံတောင်ဆစ်ကို တဖြည်းဖြည်းသက်သာလာစေမှာပဲဖြစ်ပါတယ်။

ပျားရည်ကိုအသုံးပြုပေးပါ

ပျားရည်စစ်စစ်ကို တံတောင်ဆစ်ပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာ တံတောင်ဆစ်ကိုရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးရမှာပဲဖြစ်ပါတယ်။ ပျားရည်က အသားအရေကိုစိုပြေလာစေနိုင်တာကြောင့် နေ့တိုင်းပုံမှန်ကို တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသိသာသာပြောင်းလဲလာမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest

Featured Image Source: IndiaTV News