အားလုံးပဲမင်္ဂလာပါနော်။ ခုနောက်ပိုင်းမှာတော့ မျက်ခုံးမွှေးဆွဲတာတွေကို မိန်းကလေးလူငယ်တွေကြား ရေပန်းစားလာသလို မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မပါမဖြစ်တဲ့အရာဖြစ်လာပါတယ်။ မျက်ခုံးမွှေးပုံစံအပြောင်းအလဲလေးကလည်း ကိုယ့်မျက်နှာသွင်ပြင်အပေါ် သက်ရောက်မှုရှိစေပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာကျပုံစံ မတူညီကြပါဘူး။ ဒါ့ကြောင့် မျက်ခုံးမွှေး ပုံစံလေးတွေကလည်း မတူညီဘဲ ကိုယ့်မျက်နှာကျပုံစံနဲ့လိုက်ဖက်တဲ့ မျက်ခုံးမွှေးပုံစံကို ရွေးချယ်သင့်ပါတယ်နော်။

ဒါပေမယ့် ကိုယ့်မျက်နှာဟာ ဘယ်လိုမျက်ခုံးလေးတွေဆွဲရင်လိုက်မလဲဆိုတာ အရမ်းစဉ်းစားနေရပြီလား။ မျက်နှာပုံစံခြောက်မျိုးထဲမှ မိမိကဘယ်လို shape ကိုပိုင်ဆိုင်ထားလဲဆိုတာအရင်ကြည့်ရအောင်နော်… မျက်ခုံးမွေးဆွဲရာမှာပုံပါအတိုင်းထောင့်သုံးထောင့်ချိန်ဆပြီးဆွဲပေးရပါမယ်။

၁။မျက်နှာဝိုင်းဝိုင်း

မျက်နှာဝိုင်းတဲ့သူတွေက အဓိကအားဖြင့် ပါးဖောင်းဖောင်းလေးတွေ ပိုင်ဆိုင်ထားတဲ့သူတွေပါ။ မျက်ခုံးမွှေးလေးကို မျက်နှာရှည်သယောင်ထင်ရအောက် ဝိုက်ဝိုက်လေးနဲ့ အဖျားသေးသေးမြင့်မြင့်လေးဆွဲပေးခြင်းအားဖြင့် မိမိမျက်နှာနဲ့လိုက်ဖက်ပြီးကြည့်ကောင်းနေပါလိမ့်မယ်။

၂။ ဘဲဥပုံ မျက်နှာပိုင်ရှင်

ဘဲဥပုံမျက်နှာပိုင်ရှင်လေးတွေက ဘဲဥလေးလိုပဲ နဖူးပြင်အဝိုက်လေးနဲ့မေးရိုးလေး နဲနဲချွန်နေပါလိမ့်မယ်။ ဒီမျက်နှာပိုင်ရှင်လေးတွေကတော့ ထွေထွေထူးထူးမျက်ခုံးဆွဲစရာမလိုပဲနဲ့ ကိုယ့်မျက်ခုံးသားအတိုင်းကိုမှ နဲနဲရှည်အောင်ဆွဲလိုက်ပါ။ တန်းတန်းကြီးမဟုတ်ပဲ ဝိုက်ဝိုက်လေးနဲ့ရှည်ရှည်လေးဆွဲပေးခြင်းက ပိုမိုလှပစေပါတယ်။

၃။ လေးထောင့်ဆန်ဆန် မျက်နှာပိုင်ရှင်

လေးထောင့်ပုံစံမျက်နှာလေးတွေမှာ များသောအားဖြင့် လှပတဲ့မျက်ခုံးလေးတွေပိုင်ဆိုင်စမြဲပါပဲ။ မေးရိုးလေးတွေထင်းနေတတ်တဲ့ မျက်နှာပိုင်ရှင်လေးတွေဖြစ်ပါတယ်။ နက်မှောင်တဲ့မျက်ခုံးမွှေးဆွဲတံလေးနဲ့ မျက်ခုံးထိပ်ပိုင်းမှာပြားပြားလေးဆွဲပြီး အဖျားမှာ ထောင့်ပြေပြေလေး ချိုးချပေးခြင်းအားဖြင့် ပိုမိုလှပစေမှာဖြစ်ပါတယ်။

၄။ အသဲနှလုံးပုံ မျက်နှာပိုင်ရှင်



သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေးပုံစံကို ရွေးချယ်တတ်စေဖို့ အသဲနှလုံးပုံမျက်နှာပိုင်ရှင်လေးတွေဟာ နဖူးလေးတွေ အနည်းငယ်မောက်နေပြီး မျက်ခုံးတွေထင်းနေတာကြောင့် မျက်ခုံးမွှေးကို သိပ်အထူကြီးလည်း ဆွဲစရာမလိုသလို အရမ်းအပါးကြီးလည်း ဆွဲစရာမလိုပါဘူး။ မျက်ခုံးကိုအဝိုက်ကြီးမဆွဲဘဲနဲ့ အဖျားကိုနဲနဲမြင့်ပေးခြင်းအားဖြင့် ဆွဲဆောင်မှုပိုရှိစေမှာပါ။

၅။ မျက်နှာရှည်ရှည်

မျက်နှာရှည်တာနဲ့ ဘဲဥပုံမျက်နှာကိုတချို့မကွဲပြားဘဲ ဖြစ်တတ်ပါတယ်။ မျက်နှာရှည်တဲ့သူက နှာဖူးအကျယ်နဲ့ပါးနှစ်ဖက်အကျယ်ညီမျှနေပြီး ဘဲဥပုံမျက်နှာတွေထက် အနည်းငယ်ပိုရှည်နေတတ်ပါတယ်။ မျက်ခုံးမွှေးကို အဝိုက်ကြီးမဟုတ်ပဲ ပြေပြေလေးနဲ့ Straight Line အတိုင်း(ဖြောင့်ဖြောင့်လေး)ဆွဲပေးခြင်းအားဖြင့် ပိုမိုလှပစေမှာပါ။ အဓိကအားဖြင့် မျက်နှာရှည်တဲ့သူတွေဟာ မျက်ခုံးမွှေးအဖျားကို အောက်ဖက်မဝိုက်စေဖို့သတိပြုရပါမယ်။

၆။ စိန်ပုံစံမျက်နှာကျ

စိန်ပုံစံမျက်နှာလေးတွေမှာ ပါးရိုးလေးတွေအထင်ရှားရှိနေတတ်ပါတယ်။ မေးရိုးလေးတွေက V ပုံစံလေးတွေရှိနေတာကြောင့် မျက်ခုံးမွှေးကိုဆွဲတဲ့အခါ အဖျားတွန့်ပြီး ဆွဲပေးခြင်းအားဖြင့် ပိုမိုလှပစေမှာဖြစ်ပါတယ်။ လိုက်ဖက်တဲ့မျက်ခုံးလေးတွေနဲ့လှနိုင်ကြပါစေနော်။

Source: rafichowdhury.com

By: MyStyle Myanmar