ခရီးလွန်ပြီး နေလောင်ဒဏ်ကို ခံစားနေရတဲ့သူတွေ ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် ကွက်တိဖြစ်နေစေမှာပါ။ အစာလဲဆေး၊ ဆေးလဲအစာ ဆိုတဲ့စကားအတိုင်းပဲ အစားစာများချက်ပြုတ်ရာ မီးဖိုချောင်ဟာ အိမ်တွင်းဆေးဆရာလို့ ဆိုလျှင်လည်း မှားမယ်မထင်ဘူး။

ဟင်းချက်ရင်သုံးတဲ့ မုန့်ဖုတ်ဆိုဒါကနေ ရှားစောင်းလက်ပတ်စသည်တို့က အစာအာဟာရအဖြစ်သာမက အသားအရေအတွက် ဆေးမြီးတိုများအဖြစ်ပါ မှီဝဲနိုင်ပါတယ်။ ကဲ ဒီတော့ Facial spa တွေ သွားစရာမလိုပဲ ကိုယ့်အိမ်မှာတင် နေလောင်ထားတဲ့အသားအရေအတွက် အကောင်းဆုံး Treatment ပေးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေအေးနဲ့ပဲချိုးပါ

နေလောင်ထားတဲ့အသားအရေအတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံး ကုသပေးနိုင်တာကတော့ ရေအေးပဲဖြစ်ပါတယ်။ အရမ်းအေးစက်နေစရာမလိုပဲ အနေတော်လောက်အေးတဲ့ ရေအေးနဲ့ ချိုးပေးခြင်းဖြင့် အသားအရေအတွက်လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

နေလောင်ခံထားရတဲ့ အသားအရေဟာ အထိအခိုက်လွယ်လို့ Scrubမသုံးမိဖို့တော့အထူးသတိပြုပါ။ ရေချိုးပြီးလျှင်လဲ တပတ်နဲ့ ဖိသုတ်တာမျိုးမလုပ်ပဲ အသာအယာသုတ်ပေးပါ။

(၂) ရေခဲကပ်ပေးပါ

ရေခဲကိုတပတ်ထဲထည့်ပြီး နေလောင်နေသောနေရာမှာ ၁ဝမိနစ်၊ ၁၅မိနစ်ခြားစီ ကပ်ပေးပါ။ ပျောက်ချင်ဇောများပြီး ရေခဲတုံးနဲ့အသားနဲ့ တိုက်ရိုက်ကပ်ခြင်းမျိုးတော့ အထူးသတိပြုပါ။ ဘာလို့ဆို ရေခဲကချွေးပေါက်တွေကို ပိတ်စေတာကြောင့် အပေါ်ယံအရေပြားကို ကျုံ့စေပြီး အသားအရေပိုပျက်စီးစေနိုင်လို့ပဲ ဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပတ်ကပ်ပေးပါ

အိမ်တွင်းဆေးမြီးတိုထဲမှာ နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်တဲ့ ရှားစောင်းလက်ပတ်ကတော့ တကယ်မပါမဖြစ်ပါပဲ။ အခွံခွါပြီး အထဲကအနှစ်ကို နေလောင်တဲ့နေရာကိုကပ်ပေးခြင်းက နေလောင်ဒဏ်ကိုသိသိသာသာ သက်သာစေပြီး အသားအရေရဲ့အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့နေရာမှာ သူမတူတဲ့ဆရာတစ်ဆူပါပဲ။ အပင်မရှိလဲ နီးစပ်ရာဆေးဆိုင်များမှ ရှားစောင်းလက်ပတ်နဲ့ ထုတ်ထားတဲ့ Gel ကို ရှာဝယ်လို့ရပါတယ်။

(၄) ပျားရည်လိမ်းပါ

အိီဂျစ်ခေတ်ထဲက လက်စွဲအသုံးပြုလာကြတဲ့ ပျားရည်ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ပျားရည်ဟာ အနာကျက်မြန်စေခြင်း၊ ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ နာကျင်မှုကို လျော့ကျစေခြင်း စသောဂုဏ်သတ္တိများကြွယ်ဝတဲ့ သဘာဝရဲ့ဆေးတစ်လက်ပါ။ ဒါကြောင့်နေလောင်ဒဏ်ခံစားနေရရင် သဘာဝပျားရည်ကိုသာ လိမ်းပေးလိုက်ပါ။