ဒီလိုအေးချမ်းတဲ့ဆောင်းအဝင်လလေးဖြစ်တဲ့ နိုဝင်ဘာလမွေးဖွားသူလေးတွေအားလုံးရေ…ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေနော်။

သင်က နိုဝင်ဘာလမွေးဖွားသူဆိုရင်တော့ ဒီအကြောင်းအရာလေးကို မဖြစ်မနေဖတ်ကြည့်လိုက်ပါနော်။ ဘာလို့လဲဆိုတော့ နိုဝင်ဘာBornလေးတွေမှာ တွေ့ရှိရတတ်တဲ့ ချစ်စဖွယ်ထူးခြားချက်အကြောင်းလေးပဲ့ ဖြစ်ပါတယ်။

ဘယ်လိုထူးခြားချက်လေးတွေလဲဆိုတော့…

တစ်မူထူးခြားတယ်

နိုဝင်ဘာလ မွေးဖွားသူတွေရဲ့စိတ်ကူးက တခြားသူနဲ့ မတူဘဲ ကွဲပြားနေတတ်ပါတယ်။ တခြားသူတွေနဲ့ မတူညီဘဲ ကွဲထွက်နေတတ်တာမို့ တစ်သီးတစ်သန့် ထူးခြားသူတွေဖြစ်နေတတ်ပါတယ်။

လူတိုင်းအပေါ် မျှမျှတတဆက်ဆံတယ်

နိုဝင်ဘာBornတွေက လူတစ်ယောက်ကို ပုံစံအမြင်နဲ့ မဆုံးဖြတ်တတ်ပါဘူး။ လူတိုင်းအပေါ် ခွဲခြားမှုမရှိဘဲ မျှမျှတတ ဆက်ဆံတတ်ပါတယ်။ အဲ့ဒါကလည်း ချစ်ဖို့ကောင်းတဲ့ သူတို့ရဲ့ဆွဲဆောင်မှုလေး တစ်ခုပါပဲ့။

သစ္စာရှိတယ်

နိုဝင်ဘာ Bornတွေက သူတို့မိသားစု၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာ အပြည့်အဝသစ္စာရှိသူတွေပါ။ သူတို့ကို အပြည့်အဝယုံကြည်ပေးနိုင်ပါတယ်နော်။

ကြည့်ကောင်းကြတယ်

November Bornလေးတွေက ကြိုးစားစရာမလိုဘဲနဲ့ကို ဆွဲဆောင်မှုရှိနေတတ်တဲ့သူမျိုးပါနော်။

တည်ငြိမ်ပြီးကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တယ်

နိုဝင်ဘာလမွေးသူတွေက ကိုယ့်ဒေါသကို အလွယ်တကူမချပြတတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။

အလုပ်ကြိုးစားတယ်

နိုဝင်ဘာလမှာမွေးဖွားသူတွေက အချိန်မဆွဲတတ်ကြဘဲ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးကြိုးစားကြသူတွေပဲ့ဖြစ်ပါတယ်။

ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေထားရှိတယ်

သူတို့တွေက ကိုယ့်ခံယူချက်၊ ကိုယ့်စည်းမျဉ်းဥပဒေတွေနဲ့ နေထိုင်ကြသူတွေလည်း ဖြစ်ပါတယ်။

သိုသိပ်စွာနေတတ်တယ်

နိုဝင်ဘာလမွေးဖွားသူတွေက သူတို့အကြောင်းကို တခြားသူဆီပြောလေ့မရှိပါဘူး။

ခေါင်းမာကြတယ်

သူတို့တွေက တကယ့်ကို ခေါင်းမာတဲ့လူမျိုးလည်းဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘူးတောင် ဖရုံမသီးတဲ့ သူမျိုးတွေပဲ့ဖြစ်ပါတယ်နော်။