အားလုံးပဲမင်္ဂလာပါနော်။ လူတွေအများအားဖြင့် မိန်းကလေးတိုင်း မိတ်ကပ်ကြိုက်တယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတိုင်းမဟုတ်ပါဘူး။ မိတ်ကပ်အထူကြီးလိမ်းပြီးလှနေတာမျိုးမဟုတ်ဘဲ သဘာဝကျကျလှနေတာမျိုးကို နှစ်သက်တာပါ။

မိတ်ကပ်လိမ်းတဲ့အခါ သဘာဝကျကျလေးနဲ့ လှနေစေဖို့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

၁။ မိတ်ကပ်မလိမ်းခင် သေချာသန့်ရှင်းပါ

အသားအရေကို သေချာလေး သန့်စင်ပေးပါ။ မျက်နှာကိုသေချာသစ်ပေးပြီး တိုနာလိမ်းပေးပါ။

၂။ ဖောင်ဒေးရှင်းရှောင်လိုက်ပါ

ဖောင်ဒေးရှင်းကို မလိမ်းဘဲ ကျော်လိုက်ပါ။ ကိုယ့်မျက်နှာမှာ ဘာအဖုမှလည်းမရှိဘူး။ တကူးတက ဖုံးနေစရာမရှိဘူးဆိုရင် ဖောင်ဒေးရှင်းမလိမ်းဘဲ ခရင်မ်လေးပဲလိမ်းပေးပြီး Primer လိမ်းပေးပါ။

၃။ ဆံပင်ကို ဂရုစိုက်ပါ

ဆံပင်ကို ဆား၊ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆီ ရောပြီးခေါင်းမလျှော်ခင် အနှံ့လိမ်းပေးလိုက်ပါ။ ပြီးရင်ဦးရေပြားကို နှိပ်နယ်ပေးပြီး ခေါင်းလျှော်ပါ။

၄။ Eyeliner ကို သဘာဝကျကျဆွဲပါ

Eyeliner ကိုမဆွဲဘဲနေစရာမလိုပါဘူး။ အရည်အစား ခဲတံသုံးပါ။ အရမ်းအထူကြီးမဆွဲဘဲ အတွင်းပိုင်းကို သေချာလေး ဆွဲပေးလိုက်ပါ။

၆။ Mascara အညိုရောင်သုံးပါ

Mascara အမည်းရောင်အစား အညိုရောင်လေးသုံးပေးလိုက်ပါ။ ပိုပြီးသဘာဝကျစေပါတယ်။

၇။ Bronzer ပါးပါးလိမ်းနိုင်ပါတယ်

သင့်မျက်နှာပေါ်မှာ Bronzer ခပ်ပါးပါးလေးလိမ်းပေးပါ။ ပါးနီ အရောင်လေးတွေကိုလည်း လိမ္မော်ရောင်၊ ပန်းနုရောင်သန်းတဲ့အရောင်လိမ်းပါ။ အရမ်းညိုမည်းနေတဲ့Bronzer ကိုရှောင်ပါ။

၈။ မိတ်ကပ်မထူပါစေနဲ့

မိတ်ကပ်လိမ်းတဲ့အခါမှာ အရမ်းအများကြီးလိမ်းတာ၊ မျက်ခုံးမွှေးအထူကြီးဆွဲတာ၊ နှုတ်ခမ်းနီရဲနေအောင်ဆိုးတာတွေက သဘာဝမကျစေပါဘူး။

Source: www.beautyofgirl.com