အခုနောက်ပိုင်း လူငယ်တွေ Instagram ကို အသုံးများလာကြပါတယ်။ သူငယ်ချင်းတွေရဲ့ Activity တွေကို ကြည့်ဖို့၊ နာမည်ကျော်တွေကို Follow ထားဖို့၊ ဟာသဗီဒီယိုတွေကို ကြည့်ဖို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။ ဒါတွေအပြင် Instagram ပေါ်မှာ အကျိုးရှိရှိ လုပ်လို့ရတာ ရှိပါသေးတယ်။ ဒါကတော့ Instagram ပေါ်ကနေ အသစ်အသစ်တွေ သင်ယူတာပါ။ Instagram ကနေ ဘယ်လို အရာတွေကို သင်ယူနိုင်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်-

၁။ ချက်ပြုတ်ဖို့ သင်ယူတာ

အစားအသောက်ချက်နည်း အကြောင်းတင်တဲ့ Instagram Account တွေ များစွာရှိပါတယ်။ ဒီကနေ သင်ကိုယ်တိုင်ပါ ချက်ပြုတ်နည်းကို လိုက်သင်နိုင်ပါတယ်။ ချက်ပြုတ်နည်း ဗီဒီယိုတွေက သင့်ကို Master Chef အဖြစ်တောင် ပြောင်းလဲစေနိုင်မှာပါ။

၂။ Trend တွေကို သင်ယူနိုင်တယ်

သင်က ဖက်ရှင်ပိုင်း စိတ်ဝင်စားတယ်ဆိုရင် သင့် Feed မှာ အဝတ်အစားတွေကိုပဲ အမြင်များမှာပါ။ သင်က ရှော့ပင်းမထွက်ဘဲ Trend အတိုင်း ဝတ်ဆင်ချင်တယ်ဆိုရင် Instagram ကနေ လေ့လာနိုင်ပါတယ်။

၃။ မိတ်ကပ်လိမ်းနည်း သင်နိုင်တယ်

သင်က အခုမှ မိတ်ကပ် စလိမ်းမှာပဲ ဖြစ်ဖြစ် မိတ်ကပ် Look အသစ် ရှာချင်တာပဲ ဖြစ်ဖြစ် Instagram ပေါ်မှာ သင်ယူနိုင်ပါတယ်။ ဗီဒီယိုတွေကို ကြည့်ကာ မိတ်ကပ်လိမ်းနည်းကို သင်ယူနိုင်မှာပါ။

၄။ ဓာတ်ပုံလှလှလေးတွေ ရိုက်နည်း သင်ယူနိုင်မယ်

Instagram ပေါ်မှာ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ ကျွမ်းကျင် အကြံပေးချက်တွေကို မရှာနိုင်ပေမယ့် နမူနာယူလို့ရမယ့် ဓာတ်ပုံများစွာကို ရှာဖွေနိုင်ပါတယ်။ သင်က တခြားသူတွေရဲ့ ပုံတွေကို ကြည့်ပြီး Lighting, တင်ဆက်ပုံနဲ့ နောက်ခံ Background စတာတွေကို ဘယ်လိုလုပ်ထားလဲ သင်ယူနိုင်ပါတယ်။

၅။ စီးပွားရေးလုပ်ငန်းအသစ် စတင်ဖို့ သင်နိုင်တယ်

သင်က ဓာတ်ပုံရိုက်တာကို ဝါသနာပါတယ်ဆိုရင်တော့ Instagram ပေါ်မှာ ပုံတွေ တင်နိုင်ပါတယ်။ ဒီကနေ တစ်ဆင့် ကိုယ်ပိုင် Brand တစ်ခု ထောင်နိုင်ပါတယ်။ အချိန်ပေးဖို့တော့ လိုအပ်ပါမယ်။

၆။ လက်ခံနိုင်ဖို့ သင်ယူလာနိုင်မယ်

သင်က နေရာကျဉ်းကျဉ်းလေးမှာ နေပြီး အပြင်လောက တိုးတက်တဲ့ အရာတွေကို လက်တွေ့မမြင်နိုင်ပေမယ့် Instagram ကနေ တဆင့် မြင်နိုင်ပါတယ်။ ကမ္ဘာမှာ လူတွေ ဘာလုပ်နေလဲ ဒီကနေ မြင်နိုင်ပါတယ်။

၇။ ဘယ်လိုခရီးသွားရမလဲ သင်ယူနိုင်မယ်

Instagram ပေါ်မှာ တခြားသူတွေ တင်တတ်တဲ့ နေရာတွေကို ကြည့်ကာ သင်တစ်ချိန်ချိန် ခရီးသွားတဲ့အခါ ဘယ်ကို သွားမလဲ ကြို ရည်မှန်းချက် ချထားနိုင်ပါတယ်။ ဘယ်တွေ သွားရမယ်၊ ဘယ်အရာတွေကို တွေ့ရမယ် စသဖြင့် Instagram ကနေတဆင့် သိနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar