အသက် ၃၀ ကျော်လာရင် အသားအရေက အရင်ထက်ပိုပြီး ခြောက်သွေ့တာမျိုးတွေ ဖြစ်လာပါတယ်။ အရေးအကြောင်းတွေလည်း ပိုပြီးပေါ်လာပါတယ်။ ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေကောင်းချင်ရင်တော့ Skincare က လိမ်းကိုလိမ်းရမှာပါ။ ဒါကြောင့် အသက် ၃၀ ကျော်အမျိုးသမီးတွေလိမ်းသင့်တဲ့ Skincare အဆင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Cleanser

ဘယ်အသက်အရွယ်ရောက်ရောက် အသားအရေကောင်းချင်ရင် cleanser သုံးပေးပါ။ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ cleanser ကို ရွေးသုံးပေးပါ။ တစ်နေ့ ၂ ကြိမ် သုံးပေးပါ။ ညနေဘက် (သို့) ညဘက်ဆိုရင်တော့ makeup remover နဲ့ဖျက်ပြီးမှသာ cleanser နဲ့ သစ်ပါ။

Toner

Skincare လိမ်းတော့မယ်ဆိုရင် toner က မရှိမဖြစ်ပါပဲ။ ဒါကြောင့် toner ကို ကောင်းကောင်းလေးသုံးပေးပါ။ ကိုယ့်အသားအရေက အဆီပြန်ရင် အဆီပြန်တာသက်သာစေမယ့် toner, အသားခြောက်ရင် hydrating ကောင်းကောင်းပေးနိုင်မယ့် toner, ဝက်ခြံတွေရှိရင် သက်သာစေမယ့် toner စသဖြင့် ရွေးသုံးပေးပါ။

Serum

အသက် ၃၀ ကျော်လောက်မှာ အခြေခံ skincare step ထက် ပိုသုံးချင်တယ်ဆိုရင် Serum ထည့်သုံးပေးပါ။ အသားအရေပိုကောင်းပြီး အသားအရေကြည်ကြည်လင်လင်လေးနဲ့ glow နေဖို့ serum က အားဖြည့်ပေးပါတယ်။ anti-aging serum သုံးမယ်ဆိုရင်တော့ အရေးအကြောင်းတွေ သက်သာလာပြီး နောက်ထပ်အရေးအကြောင်းတွေ ထပ်ပြီးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Moisturizer

မရှိမဖြစ် အရေးအကြီးဆုံးကတော့ moisturizer ပါပဲ။ moisturizer ကိုလည်း ကောင်းကောင်းလေးသုံးပေးပါ။ hydrating ကောင်းကောင်းပေးနိုင်တာမျိုး ရွေးသုံးပေးပါ။

Eye cream

အသက် ၃၀ ကျော်မှမဟုတ်ပါဘူး။ အသက် ၂၀ ကျော်လောက်ဆိုတာနဲ့ eye cream သုံးပေးသင့်ပါတယ်။ eye cream သုံးပေးခြင်းက မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာနဲ့ မျက်လုံးအောက်က အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် ကာကွယ်ပေးပြီး ဖြစ်နေရင်လည်း သက်သာလာစေပါတယ်။

Sunscreen

ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် sunscreen လိမ်းပေးရပါတယ်။ sunscreen မလိမ်းရင် မျက်နှာအသားအရေ ပျက်စီးပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ အသက် ၄၀ ကျော်၊ ၅၀ ကျော်လောက် ရောက်လာတဲ့အခါမှာတော့ တင်းတိတ်နဲ့ အမဲစက်တွေ ဖြစ်လာပါတယ်။