မိမိဆံကေသာက ကြမ်းတမ်းခြောက်သွေ့ကာ ပျက်စီးနေလို့ပဲဖြစ်ဖြစ်၊ ဗောက်ထလို့ စိတ်ညစ်နေရတာပဲဖြစ်ဖြစ်၊ ဆံပင် ပါးလို့ (သို့) ဆံပင် အလွန်အမင်း ကျွတ်နေလို့ အစရှိတဲ့ ဆံကေသာ ပြဿနာအမျိုးမျိုးကြောင့် စိတ်ညစ်နေရတဲ့သူများအတွက် ကိုယ့်ဆံကေသာအတွက် အကောင်းဆုံးရွေးချယ်နိုင်မယ့် ခေါင်းလျှော်ရည်များကို ဖော်ပြပေးချင်ပါတယ်။

Shea Moisture

သင့်ဆံကေသာက ပင်ကိုကောက်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်အသုံးပြုနိုပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး ဆံကေသာကို ချေးညှော်များမကပ်အောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ၇ ဒေါ်လာ ဖြစ်ပါတယ်။

Authentic Beauty Concept

ဆံကေသာ ခြောက်သွေ့သူများကတော့ ဒီခေါင်းလျော်ရည်ကို ရွေးချယ်နိုင်ပါတယ်။ ၂၈ ဒေါ်လာ နဲ့ ပေးဝယ်ရမှာဖြစ်ပြီး တစ်ကြိမ်လောက် လျှော်ပြီးသွားတာနဲ့တင် ဆံကေသာက ပြန်လည်နူးညံ့စိုပြေသွားတာကို မျက်ဝါးထင်ထင်မြင်တွေ့ရပါလိမ့်မယ်။

Playa

သူသည်လည်း Conditioner ထပ်သုံးစရာမလိုတဲ့ ခေါင်းလျှော်ရည်တစ်ခုဖြစ်ပါတယ်။ ဆံကေသာကို အရင်းကနေအဖျားအထိ အားဖြည့်ပေးပြီး အစိုဓာတ်လည်း ထိန်းပေးထားနိုင်ပါတယ်။

Head & Shoulders

ဗောက်ကြောင့် စိတ်ညစ်နေရတဲ့သူများအတွက်တော့ Head & Shoulders ရဲ့ Supreme Nourish အမျိုးအစားကို အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဦးရေပြား ခြောက်သွေ့ ယားယံခြင်းမှ တားဆီးပေးပြီး ဦးရေပြားရှိ pH ပမာဏကို ထိန်းညှိပေးပါတယ်။ မကြာခဏ ဆံပင်ဆေးဆိုးလေ့ရှိတဲ့သူများလည်း ဒီခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။

Garnier Fructis

ဆံကေသာကို ပိုးသားလေးလို နူးညံ့ချင်တဲ့သူများအတွက်တော့ Garnier ရဲ့ Fructis အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သူ့ထဲမှာ အသီးကရရှိတဲ့ ပရိုတင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဆံကေသာကို ၃ ရက်အတွင်း ပိုးသားလေးလို နူးညံ့လာစေမှာဖြစ်ပါတယ်။

Maui Moisture

ဒီခေါင်းလျှော်ရည်ကတော့ Best Detox Shampoo ဆုကို ရရှိထားတာဖြစ်ပါတယ်။ ချော်ရည်ကထွက်ရှိတဲ့ ပြာမှုန့်ဖြင့် ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဦးရေပြားပေါ်ရှိ အညစ်အကြေးအဆိပ်တောက်များကို ဖယ်ရှားပေးပြီး ဆံကေသာ ကျန်းမာသန်စွမ်းလာအောင် ဖန်တီးပေးနိုင်ပါတယ်။

ကိုယ် ကြုံတွေ့နေရတဲ့ ဆံကေသာ ပြဿနာများပေါ်မူတည်ပြီး အသင့်တော်ဆုံး ခေါင်းလျှော်ရည်တစ်မျိုးကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။