Romance ကားကြိုက်ပေမယ့် K-Drama တွေချည်းကြည့်ရတာရိုးလာပြီဆိုရင် အချိုတွေအများကြီးပါတဲ့ C-Drama လေးတွေကြည့်ကြည့်ပါ။ ဒါက‌တော့ စောင်ကိုက်ပြီး ကြည့်ရလောက်အောင် ချိုလွန်းတဲ့ Romance C-Drama တွေပါ။

Hidden Love (2023)

ချစ်စရာကောင်းလွန်းတဲ့ စန်းကျစ်လေးနဲ့ အရမ်းချောတဲ့ သွန့်ကျားရွှီတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ချိုလွန်းတဲ့ဇာတ်ဝင်ခန်းတွေရယ် Chemistry မိလွန်းတဲ့ ကိုကိုနဲ့ညီမလေးတို့ကြောင့် အရမ်းကိုနာမည်ကြီးနေတဲ့ အချစ်ဇာတ်လမ်း လေးပါ။

Meet Yourself (2023)

အချစ်ဆုံးသူငယ်ချင်း ဆုံးသွားလို့ စိတ်ဓာတ်ကျပြီး အရှုံးရင်ဝယ်ပိုက်ထားတဲ့ Liu က ယူနန်ပြည်နယ်က Yun Miao ရွာဆီ ခရီးထွက်ရင်း သူမကို ခရီးသွားလုပ်ငန်းတစ်ခု စဖို့ လှုံ့ဆော်ပေးတဲ့ Xie Zhi Yao (Li) နဲ့ တွေ့ဆုံရင်း အချစ်တွေ ပွင့်လန်းလာတဲ့ ဒီဇာတ်လမ်းကြောင့် ယူနန်မှာ ခရီးသွားတွေ တိုးလာခဲ့ပါတယ်။

Love Between Fairy and Devil (2022)

ခပ်မိုက်မိုက် မာရ်နတ်သခင် နဲ့ ချစ်စရာကောင်းလွန်းတဲ့ ပန်းနတ်သမီး သစ်ခွပန်းလေးတို့ရဲ့ ကြားက အချစ်ဇာတ်လမ်းလေးက ကြည့်သူတိုင်းကို တကယ်ဆွဲဆောင်တဲ့ ကားတစ်ကားပါပဲ။

Falling Into Your Smile (2021)

လှပပြီးထက်မြက်တဲ့ ကောင်မလေး နဲ့ ဂိမ်းအဖွဲ့ခေါင်းဆောင် တို့ကြားက အချစ်ဇာတ်လမ်းကို ရိုက်ထားတာက လူငယ်တွေကြားမှာဖြစ်တတ်တဲ့ အချစ်ဇာတ်လမ်းလေးမလို့ လူတိုင်းသဘောကျတဲ့ ဇာတ်လမ်းလေးပါ။

Put Your Head On My Shoulder (2019)

ဘွဲ့ရပြီးနောက်ပိုင်း ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့ ကောင်မလေး စီတုမိုနဲ့ ရူပဗေဒပညာရှင်ကောင်လေး ဂုဝေရီတို့နှစ်ယောက် အကြောင်းကြောင်းကြောင့် တစ်အိမ်ထဲအတူတူနေဖြစ်သွားတဲ့အခါ ဖြစ်လာတဲ့ အချစ်ဇာတ်လမ်း လေးက လူငယ်တွေကြားက အချစ်ချိုချိုလေးတွေကို အသားပေးထားတာမလို့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲ။