မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေပေါ်လာလို့ Eye Cream ကောင်းကောင်း သုံးချင်တဲ့သူတွေအတွက် မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေပျောက်ဖို့ အကောင်းဆုံးဖြစ်တဲ့ Retinol Eye Cream တွေကို မျှဝေပေးလိုက်ပါတယ်။
Charlotte Tilbury Refillable Magic Eye Rescue Cream with Retinol
Texture က နည်းနည်းထူပေမယ့် လိမ်းရတာ အဆင်ပြေပါတယ်။ မျက်အိတ်တွဲတာနဲ့ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ သူ့ကိုလိမ်းပြီး အပေါ်ကနေ မိတ်ကပ်ထပ်လိမ်းလည်း အရမ်းအဆင်ပြေပါတယ်။ အဓိကပါဝင်တဲ့ Ingredients တွေကတော့ Retinol, Shea Butter, Botanical Stem Cell Extract စတာတွေပဲ ဖြစ်ပါတယ်။
ILIA Bright Start Activated Eye Cream
မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာစေပြီး အသားအရေ တင်းရင်းလာစေတယ်၊ Skin Brightening ဖြစ်လာစေတဲ့အတွက် မျက်ကွင်းညိုတာပါ သက်သာစေပါတယ်။ လိမ်းရတာလည်း Lightweight ဖြစ်တဲ့ Eye Cream ဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ Ingredients တွေက Sea Fennel Extract နဲ့ Avocado oil ပါပဲ။
Neutrogena Rapid Wrinkle Repair Retinol Anti-Wrinkle Eye Cream
အခုမှ Retinol Eye Cream ကိုစသုံးမယ့်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ အဓိကပါဝင်တဲ့ Ingredients တွေက Retinol နဲ့ Hyaluronic Acid ပဲဖြစ်တာကြောင့် Skin Texture ပိုကောင်းလာစေပြီး မျက်လုံးနားတစ်ဝိုက် အသားအရေခြောက်သွေ့တာ သက်သာစေတယ်၊ အရေးအကြောင်းတွေ လျော့နည်းလာစေပါတယ်။
RoC Retinol Correxion Under Eye Cream
အကောင်းဆုံး Retinol Eye Cream တွေထဲမှာ အမြဲပါပါတယ်။ အဓိကပါဝင်တဲ့ Ingredient ကလည်း Retinol ပဲဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာပျောက်ကင်းစေပြီး မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေပါ သက်သာစေပါတယ်။
La Roche-Posay Redermic R Eyes Retinol Eye Cream
အဓိကပါဝင်တဲ့ Ingredients တွေက Retinol နဲ့ Caffeine ဖြစ်တာကြောင့် မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုတာတွေ သက်သာစေတယ်၊ မျက်အိတ်ဖောင်းတာ သက်သာစေတယ်၊ မျက်လုံးနားတစ်ဝိုက်အသားအရေ Bright ဖြစ်လာစေပါတယ်။