မိတ်ကပ်လိမ်းရင် primer ခံလိမ်းမှ မိတ်ကပ်သားပိုလှပြီး ညီစေတယ်၊ မိတ်ကပ်သားကြာရှည်ခံစေပါတယ်။ Normal skin တွေကတော့ အဆင်ပြေတဲ့ primer ကို ရွေးချယ်လို့ရပေမယ့် အသားခြောက်တဲ့ dry skin တွေကျတော့ hydration ပေးနိုင်တဲ့ primer မျိုးကို ရွေးသုံးသင့်ပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေအတွက် hydration ပေးနိုင်ပြီး အသားအရေချောမွေ့သွားစေမယ့် အကောင်းဆုံး luxury primer တွေကို မျှဝေပေးလိုက်ပါတယ်။
YSL Touche Éclat YSL Blur Primer
အသားခြောက်တဲ့သူတွေအတွက်တော့ best luxury primer ပါပဲ။ အသားရေကြည်ပြီး ချောမွေ့သွားစေတဲ့ result မျိုး ရရှိစေပြီး fine lines တွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။ Skin tones အားလုံးနဲ့အဆင်ပြေပြီး gel texture ဖြစ်လို့ လိမ်းရတာလည်း အရမ်းမိုက်ပါတယ်။
NYX Professional Makeup Bare With Me Hydrating Jelly Primer
အသားခြောက်တဲ့အပြင် အသားအရေကြမ်းနေတာမျိုးလည်း ဖြစ်တယ်ဆိုရင်တော့ ဒီ primer ကိုသာ ရွေးချယ်ပါ။ အသားအရေကို hydration ပေးနိုင်ပြိး ချွေးပေါက်တွေကို ဖုံးပေးပါတယ်။ အသားအရေလည်း ချောမွေ့သွားစေပါတယ်။ Water-based ဖြစ်လို့ all skin type အဆင်ပြေပါတယ်။
Laura Mercier Pure Canvas Hydrating Primer
အသားခြောက်တဲ့သူတွေအနေနဲ့ hydration ပေးနိုင်ပြီး မိတ်ကပ်သားလည်း ကြာရှည်ခံစေမယ့် primer မျိုးလိုချင်ရင်တော့ ဒီ primer ကိုသာ ရွေးချယ်ပါ။ Skincare ingredient ပါပြီး moisturizing ဖြစ်စေလို့ အသားခြောက်တဲ့သူတွေအတွက်တော့ အရမ်းအဆင်ပြေပါတယ်။
Gucci Sérum De Beauté Fluide Mattifying Primer
Silicone & oil-free primer ဖြစ်လို့ အသားခြောက်တဲ့သူတွေအပြင် အဆီပြန်တဲ့သူတွေပါ သုံးလို့အဆင်ပြေပါတယ်။ မိတ်ကပ်သားကြာရှည်ခံစေပြီး မိတ်ကပ်သားပိုလှစေပါတယ်။ အသားအရေကို hydration ပေးနိုင်ပြီး လိမ်းလိုက်ရင် အသားချောသွားစေတဲ့ feeling မျိုးရစေပါတယ်။
Charlotte Tilbury Wonderglow Face Primer
Glow look တွေ အရမ်းကြိုက်ရင်တော့ primer တွေထဲမှာ ဒီ primer ကိုသာ ရွေးချယ်ပါ။ အသားအရေကြည်ပြီး glow စေတဲ့အပြင် skincare ingredients လည်းပါလို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။