Sia ဟာ သြစတြေးလျလူမျိုး အဆိုတော်နှင့် သီချင်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ နာမည်အပြည့်အစုံကတော့ Sia Kate Isobelle Furler ဖြစ်ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ၊ ၁၈ ရက်နေ့တွင် သြစတြေးလျမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
အနုပညာလမ်းကြောင်းပေါ်သို့ ၁၉၉၀ ပြည့်နှစ်အလယ်လောက်က Acid Jazz တေးဂီတအဖွဲ့နဲ့အတူတူ ဝင်ရောက်လာတာဖြစ်ပါတယ်။
ထိုအဖွဲ့ဟာ ၁၉၉၇ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီးနောက် သူမရဲ့ Solo အယ်လ်ဘမ်ကို OnlySee ဆိုတဲ့ အမည်ပေးပြီး သြစတြေးလျတွင် ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
သီချင်းဆိုတဲ့အခါ အမိုက်စားအသံပါဝါဖြင့် သီဆိုဟစ်ကျူးလေ့ရှိပြီး သူ့ပရိသတ်များကလည်း သူမရဲ့ ဖျော်ဖြေတင်ဆက်မှုကို အကြိုက်ကြီးကို အကြိုက်တွေ့နေတတ်ကြပါတယ်။
သူမသီဆိုထားတဲ့ သီချင်းများအနက်မှ ရေပန်းအစားဆုံးဖြစ်နေတဲ့ သီချင်းကောင်းများကို သီချင်းချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Numb
ဒီသီချင်းကတော့ Sia ရဲ့ ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးသည် စိတ်ကျစရာများနှင့် စိတ်စွဲလမ်းစရာများနှင့် ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို သီဆိုထားတာဖြစ်ပါတယ်။
Unstoppable
ဒီသီချင်းလေးကတော့ စိတ်ခွန်အား ဖြည့်ပေးမယ့်သီချင်းလေးဖြစ်ပါတယ်။ ၂၀၁၆ အိုလံပစ်ဂိမ်းတုန်းကလည်း Remixed သီချင်းအနေနဲ့ ပြန်လည်သီဆိုထားပါသေးတယ်။
Big Girls Cry
ဒီသီချင်းလေးထဲမှာတော့ သူ့ရဲ့အသံပါဝါပြင်းပြင်းနဲ့ သီချင်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး သီချင်းစာသားများကလည်း အဓိပ္ပာယ်အပြည့်နဲ့ နားဆင်သူကို ဖမ်းစားထားတာကို တွေ့မြင်ရပါလိမ့်မယ်။
Burn The Pages
ဒီသီချင်းလေးကတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို အကြံပေးနေတဲ့ပုံစံအတိုင်း သီဆိုထားတာဖြစ်ပါတယ်။ နောင်တတရားနဲ့ ပြည့်နှက်နေတယ်လို့ ခံစားရတဲ့အခါ ဒီသီချင်းလေးကိုသာ နားဆင်ကြည့်လိုက်ပါ။
The Greatest
ဒီသီချင်းကတော့ International Debut အဖြစ် ဖြန့်ချီခဲ့တာဖြစ်ပြီး Sia အတွက်တော့ ခုနှစ်ကြိမ်မြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ Sia ကတော့ အတိအလင်း ပြောပြမထားပေမယ့် သူ့ပရိသတ်တွေကတော့ ဒီသီချင်းဟာ Orlando’s Pulse နိုက်ကလပ်မှာ သေနတ်ပစ်ခံလိုက်ရတဲ့သူတွေကို ရည်ညွှန်းသီဆိုထားတာဖြစ်တယ်လို့ ထင်ကြေးပေးထားပါတယ်။
The Fight
The Fight ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ဘဝကြီးကို အကောင်းဘက်က ရှုမြင်ပြီး ကိုယ့်ရဲ့အားနည်းချက်ကို ငြင်းပယ်မထားဘဲ ရှုံးနိမ့်မှုတွေကို အကောင်းဆုံး အနိုင်ယူရမှာဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။
Breathe Me
ဒီသီချင်းဟာ ထွက်ရှိကတည်းက ဘယ်လောက်တောင် လူကြိုက်များခဲ့လည်းဆိုရင် US မှာတင် သီချင်းခွေပေါင်း ၁.၂ သန်းခန့် ရောင်းချခဲ့ရတာဖြစ်ပါတယ်။
Titanium
ဒီသီချင်းလေးကတော့ Sia က Katy Perry တို့ Alicia Keys တို့လို အဆိုတော်တွေအတွက် ရည်ညွှန်းပြီး ရေးခဲ့တာလို့ ပြောခဲ့ပါတယ်။ နောက်ကျမှ ပြင်သစ် DJ သမား David Guetta က သူ(မ)ရဲ့အသံနဲ့ ပိုလိုက်တယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့် သူတို့နှစ်ယောက် Collaborate အတူတူ လုပ်ဖြစ်သွားခဲ့တာပါ။
Chandelier
တင်ဆက်မှုအမိုက်စားနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သူမရဲ့သီချင်းတွေထဲမှာ Chandelier ကိုလည်း ချန်ထားလို့မရပါဘူး။ ဒီသီချင်းဟာ စစထွက်ချင်းမှာပဲ နိုင်ငံပေါင်း ၂၀ နိုင်ငံမှာ Top 5 အတွင်း ဝင်ခဲ့တဲ့အထိ လူကြိုက်များတဲ့သီချင်းပဲဖြစ်ပါတယ်။