လူမှုကွန်ရက်တွေခေတ်စားလာတဲ့ အချိန်မှာလူဖြစ်နေတော့ သူ့အထက်ငါအပြိုင်ပြင်ဆင်ကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ကြပါတယ်။ Social Media Friendly ဖြစ်ဖို့ဆိုရင်တော့ သင့်ဓာတ်ဖမ်းတဲ့အခါ အစစအရာရာ သတိထားပြင်ဆင်လို့ပါတယ်။ Photogenic ဖြစ်ဖို့ဆိုတာ ဝေဖန်ဖို့တော့လိုပေမယ့် ပုံကောင်းတစ်ပုံရဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ နဂိုရှိလို့ နဂိုင်းထွက်တယ်ဆိုပေမယ့် မိတ်ကပ် ၊ ဆံပင်၊ အဝတ်အစား ၊ Pose ပေးပုံပေးနည်း အစစအရာရာမှာ Perfect ဖြစ်ဖို့လိုအပ်ပါတယ်။

Selfie တွေဆွဲတဲ့အခါ ဝတ်ထားတာ ဖက်ရှင်ကျပြီး Photogenic ဖြစ်ဖို့အတွက် ဝေမျှလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

စွယ်တာ အင်္ကျီ ဖက်ရှင်လေးနဲ့ ခရစ္စမတ်လမှာ လန်းရအောင်

ကိုယ်ကျပ် ဆွယ်တာမျိုးဟာ Selfie ရိုက်တဲ့အခါတွေမှာ ကိုယ်ခန္ဓာ Shape ကို ပေါ်စေပါတယ် အနွေးထည် အထူကြီးမဟုတ်ပဲ Light Fabric မျိုးကိုပဲ ရွေးသင့်ပါတယ်။

Legged Pants စတိုင်ဘောင်းဘီအပွမျိုးဟာ Skinny Jeans တွေထက် ဓာတ်ပုံပိုစားပါတယ်။ Close Up Angle ရိုက်မယ်ဆိုရင်လည်း တင်ကိုပေါ်စေကာ ခြေတံတွေကိုပိုပြီး ရှည်သယောင်ထင်ရစေပါတယ်။

Midi Skirt တွေဟာ Photogenic ဖြစ်ပြီး Classy လည်းဖြစ်စေပါတယ်။ အရမ်းလည်းမတို အရမ်းလည်းမရှည်တော့ Casual သို့မဟုတ် Formal ဖြစ်တဲ့ အင်္ကျီနှစ်မျိုးနဲ့လိုက်ဖက်ပါတယ်။ Midi စကပ်ဝတ်ခြင်းဟာ ဓာတ်ပုံထဲမှာလည်း ခါး Waist ကိုလည်း သေးစေမယ့်အသွင်ဖြစ်စေပါတယ်။

ဒေါက်ဖိနပ်အတွက်ဆိုရင် Nude အသားရောင်ဆန်ဆန် ဒေါက်တွေက Posture ကောင်းစေသလို ခြေတံရှည်ပြီး သွယ်သလို ဖြစ်စေမှာပါ။

စမတ်ကျတဲ့ပုံစံမျိုးထင်စေချင်ရင်တော့ ကော်လံပါတဲ့ရှပ်အင်္ကျီမျိုးဟာ ဓာတ်ပုံထဲမှာပိုပေါ်လွင်စေပါတယ်။ နိုင်ငံတကာ ဖက်ရှင် Blogger တော်တော်များများဟာ Layered များများဝတ်ဆင်ကြပါတယ်။

နောက်ပြီး Fancy Earring အကြီးကြီးတွေနဲ့ Shoulder Off ပခုံပေါ်ဂါဝန်တွေနဲ့ဆို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

Source: AllWomenStalk

Featured Image Source: preview.ph