ချစ်သူနှစ်ဦး တစ်ယောက်ကိုယ်တစ်ယောက်ချစ်ကြလို့ လက်ထပ်ကြဖို့ ရည်ရွယ်ထားပြီဆိုရင် သင့်ချစ်သူက သင့်ကို သူ့မိဘတွေနဲ့ မိတ်ဆက်ပေးမှာ သေချာပါတယ်။ သူ့မိဘတွေနဲ့ သင်ပထမဆုံးတွေ့ရတဲ့အခါ သင်လည်း ရင်ခုန်နေမှာသေချာပါတယ်။

ကိုယ့်ယောက္ခမတော်ရမယ့်သူတွေက ကိုယ့်ကို ပိုပြီးချစ်သွားအောင် ပိုပြီး အမြင်ကြည်သွားအောင် သင့်ရဲ့ ဖက်ရှင်တွေကိုလည်း ဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကိုးယို့ကားယား ဖက်ရှင်မျိုးနဲ့ဆိုရင်တော့ ယောက္ခမကြီးက အမြင်ကပ်နေတော့မှာနော်။ ဒါ့ကြောင့် သင့်ကို ဖက်ရှင်ကျစေပြီး မိဘတွေနဲ့တွေ့တဲ့အခါမှာ လည်း အဆင်ပြေစေမယ့်ဖက်ရှင်မျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

လက်ပင်းအကျယ် အနက်ရောင်ဖက်ရှင်

လည်ပင်းပုံက V ပုံ (သို့) အဝိုင်းပုံစံမျိုး စသဖြင့် မိမိကြိုက်တာကို ရွေးချယ်နိုင်ပါတယ်။ အပေါ်အောက် တစ်ဆက်တည်း ချုပ်ထားတဲ့ ဂါဝန်မျိုးလည်း ဝတ်ဆင်ပြီးသွားနိုင်သလို ဂါဝန် (သို့) ဘောင်းဘီနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Dress လေးတွေဝတ်သွားပါ

အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးကတော့ Dress လေးတွေ ဝတ်ဆင်ရတာပါပဲ။ သင့်ကိုလည်း အမြင်တင့်တယ်စေပြီး လှပတဲ့ Dress ဖက်ရှင်လေးတွေကို အခုလိုပဲ မျှဝေပေးလိုက်တယ်နော်။

စမတ်ကျကျဝတ်သွားပါ

သင့်ကို စမတ်ကျစေပြီး ဆွဲဆောင်မှုရှိစေတဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

မြန်မာဆန်ဆန် ဝတ်သွားပါ


အပေါ်က ဝတ်စုံတွေကတော့ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးတွေပါ။ တကယ်လို့ ကိုယ့်ချစ်သူမိဘတွေက မြန်မာဆန်တာကြိုက်တယ်ဆိုရင် မြန်မာမိန်းကလေးဆိုတော့ မြန်မာဝတ်စုံလေး ဝတ်ဆင်သွားသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်သွားမယ့်နေရာနဲ့ ပွဲအပေါ်လည်းမူတည်ပါတယ်။ သူ့အမေရဲ့ မွေးနေ့အတွက် တခါတည်းဖိတ်ရင်း မိတ်ဆက်ပေးတဲ့အခါမျိုးမှာ မြန်မာဝတ်စုံလေး ဝတ်ဆင်သွားတာ သင့်တော်ပါတယ်။ သူ့မိဘတွေက မြန်မာဆန်တာ မျိုး ကြိုက်တယ်ဆိုရင် မြန်မာဆန်ဆန် ဝတ်ဆင်ပြီး သွားသင့်ပါတယ်။