အားလုံးပဲမင်္ဂလာပါနော်။ ဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ချင်ရင်တော့ အသားအရေကိုလည်း သေချာလေး ဂရုတစိုက်ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့သူတွေရော မလိမ်းတဲ့သူတွေရော အသားအရေကို သေချာဂရုစိုက်သင့်ပါတယ်။

ဒီတခါမှာတော့ ပျိုမေတို့အားလုံးအတွက် ညအိပ်ယာမဝင်ခင် မဖြစ်မနေ လုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး မိတ်ကပ်တွေကို Oil-based Cleanser နဲ့ ဖျက်ပေးပါ။

အရင်ဆုံး သင်လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို ပြောင်စင်အောင် Oil-based Cleanser နဲ့ ဖျက်ပေးလိုက်ပါ။

Water-based Cleanser နဲ့ ထပ်ဖျက်ပေးရပါမယ်။

Oil-based Cleanser နဲ့ ဖျက်ပေးပြီးရင် မပြီးသေးပါဘူး။ Water-based Cleanser နဲ့ ထပ်ဖျက်ပေးပါ။ ဒါမှ အဆီတွေ အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်မှာပဲ့ ဖြစ်ပါတယ်။

မျက်နှာအသားအရေကို သေချာသန့်စင်ပေးပါ။

ချွေးပေါက်ပိတ်နေတဲ့နေရာတွေ၊ မျက်နှာပေါ်က ဆဲလ်သေတွေကို သေချာလေး သန့်ရှင်းရေးလုပ်ပေးပါမယ်။ သကြားလေးနဲ့ ခပ်ပါးပါးလေး ပွတ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ Wet တစ်ရှုးလေးနဲ့ သုတ်ပေးလိုက်ပါ။

တိုနာ လိမ်းပေးပါ။

ပြီးရင်တော့ တိုနာလေးနဲ့ သင့်မျက်နှာကို တစ်ခေါက် ထပ်ပြီးသန့်စင်ပေးလိုက်ပါ။

မျက်နှာကို သေချာသစ်ပေးပါ။

အဲဒီနောက် မျက်နှာသစ်ပေးရပါမယ်။ သင်အကြိုက်ဆုံး သင်နဲ့ အသင့်တော်ဆုံး မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပေးပါ။ အဲဒီလိုသစ်တဲ့အခါမှာ မျက်နှာသစ်ဆေးကို မျက်နှာပေါ် တိုက်ရိုက်မတင်ဘဲ လက်ဖဝါးမှာ အမြုပ်လေးထွက်အောင်ပွတ်ပေးပြီးမှ မျက်နှာပေါ် တင်ပြီး မျက်နှာသစ်ပေးပါ။

Maskကပ်ပါ။

ပြီးရင်တော့ သင့်မျက်နှာကိုခြောက်အောင်ပြန်သုတ်လိုက်ပြီး Mask လေးနဲ့ ပေါင်းတင်ပေးလိုက်ပါ။ သင့်အသားအရေနဲ့ သင့်တော်တာကို ရွေးချယ်အသုံးပြုပေးပါ။

Eye Cream ကိုလည်း လိမ်းပေးဖို့ မမေ့ပါနဲ့။

သင့်မျက်လုံးနားမှာ အရေးကြောင်းတွေ၊ Smile Line လေးတွေ ရှိနေတတ်ပါတယ်။ အသက် ၂၄၊ ၂၅ အရွယ်ဆိုရင်တော့ မဖြစ်မနေ လိမ်းပေးပါလို့အကြံပြုချင်ပါတယ်။

နောက်ဆုံးအနေနဲ့ Moisturizer လိမ်းပေးပါ။

ဒါတွေအားလုံးပြီးသွားရင်တော့ Moisturizer လေးလိမ်းပေးပြီး ညအိပ်ယာ ဝင်လိုက်ရုံပါပဲ။ မနက်ကျရင် သင့်အသားအရေလေးက ကြည်တောက်ရှင်းပြီး စိုပြေနေတာကို သိသိသာသာခံစားသိရှိရမှာပဲ့ ဖြစ်ပါတယ်နော်။