လက်သည်းဆိုးဖို့အရောင်ရွေးရခက်နေရင် အပြောင်းအလဲလေးဖြစ်အောင် ကိုယ်ပိုင်ရာသီခွင်ရဲ့အရောင်လေး ဆိုးကြည့်ပါ။

Aries

တောက်ပပြီး ရဲရင့်တဲ့ အနီရောင်က တောက်ပြောင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ Aries တွေအတွက် အကောင်းဆုံး Zodiac Nail Colour ပါ။

Taurus

ယုံကြည်ချက်ခိုင်မာပြီး စိတ်အားထက်သန်လွန်းတဲ့ Taurus အတွက် Zodiac Nail Colour ကတော့ မြစိမ်းရောင်ပါ။

Gemini

ဉာဏ်ကောင်း၊ ထက်မြက်ပြီး လိမ္မာတဲ့ Gemini အတွက် Zodiac Nail Colour ကတော့ တက်ကြွလန်းဆန်းတဲ့ အဝါရောင်ပါ။

Cancer

ချစ်စရာကောင်းပြီး စာနာတတ်တဲ့ Cancer အတွက် Zodiac Nail Colour ကတော့ အဖြူရောင်ပါ။

Leo

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ Leos အတွက် Zodiac Nail Colour ကတော့ တောက်ပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရွှေရောင်ပါ။

Virgo

စတိုင်လ်ကျကျနဲ့ ကျက်သရေရှိတာကြောင့် လူသိများတဲ့ Virgo အတွက် Zodiac Nail Color ကတော့ အညိုရောင်ပါ။

Libra

အရာအားလုံးကို သဟဇာတဖြစ်တာကို လိုလားကြပြီး ပဋိပက္ခများကို မကြိုက်ကြတဲ့ Libra အတွက် Zodiac Nail Color ကတော့ နုပျိုမှုရဲ့သင်္ကေတ ပန်းရောင်ပါ။

Scorpios

ရည်မှန်းချက်ကြီးတယ်၊ ခိုင်မာတယ်၊ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်တတ်တဲ့ Scorpios အတွက် Zodiac Nail Color ကတော့ အနက်ရောင်ပါ။

Sagittarius

ရိုးသားပြီး အကောင်းမြင်စိတ်ရှိတဲ့ Sagittarius အတွက် Zodiac Nail Color ကတော့ တောက်ပတဲ့ ခရမ်းရောင်ပါ။

Capricorn

ရည်မှန်းချက်ကြီးပြီး ဇွဲ၊ လုံ့လနဲ့ အမြဲတမ်းကြိုးစားတတ်တဲ့ Capricorn အတွက် Zodiac Nail Color ကတော့ မီးခိုးရောင်ပါ။

Aquarius

ထူးခြားပြီး တီထွင်ဆန်းသစ်ဖို့ စိတ်အားထက်သန်တတ်တဲ့ Aquarius အတွက် Zodiac Nail Color ကတော့ ပုလဲရောင်ပါ။

Pisces

စိတ်ကူးယဉ်ဆန်ပြီး အလွန်သနားကြင်နာတတ်ကြတဲ့ Pisces အတွက် Zodiac Nail Color ကတော့ အစိမ်းရောင်ဖျော့ဖျော့လေးပါ။