စိတ်ပင်ပန်းစရာတွေ စိတ်ဓာတ်ကျစရာတွေကို တိုက်ဖျက်ဖို့ နည်းလမ်းတစ်ခုကတော့ အာရုံပြောင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာ စိတ်ဓာတ်ကျစရာတွေကို အာရုံပြောင်းဖို့ နည်းလမ်းကောင်း တစ်ခုကတော့ ရုပ်ရှင်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။

စိတ်ပင်ပန်းစရာ စိတ်ဓာတ်ကျစရာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုပ်ရှင်ကိုရွေးချယ်ပြီး ကြည့်ရှုခြင်းက ကြည့်ရှုနေချိန် ၂ နာရီလောက်အတွင်းမှာ ဦးနှောက်ရဲ့ ကွင်းဆက်တွေကို ပြင်ဆင်နိုင်ပြီး စိတ်ခံစားမှု အနည်းငယ် ပိုကောင်းလာပါလိမ့်မယ်။

ဒါကြောင့် စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်ခံစားမှု ကောင်းမွန်လာစေရန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကားများကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)  Airplane

ပထမဆုံးအနေနဲ့ စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျချိန်မှာ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ Airplane ပဲ ဖြစ်ပါတယ်။ Airplane ကို ၁၉၈၀ ခုနှစ်က ထုတ်ဝေခဲ့ပေမယ့် ဇာတ်လမ်းကတော့ ဘယ်အချိန်ချိန် ကြည့်ကြည့်ရိုးမှာ မဟုတ်ပါဘူး။

ဒီကားထဲမှာ လေယာဉ်ပျံသန်းရမှာ ကြောက်တဲ့လူတစ်ယောက်ဟာ လေယာဉ်မှူးနေမကောင်းတဲ့အတွက် လေယာဥ်ကို ဘေးကင်းစွာဆင်းသက်ဖို့ အကြောင်းဖန်လာတဲ့ အကြောင်း ရိုက်ကူးထားပါတယ်။ ဒီကားဟာ အက်ရှင်၊ အချစ်နဲ့ ဟာသ ပေါင်းစပ်ထားတာဖြစ်လို့ ကြည့်ပြီးသွားရင် အနည်းငယ် စိတ်သက်သာမှုရစေမှာပါ။

(၂) It’s Kind of a Funny Story

“It’s Kind of a Funny Story” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် ဟာသ-ဒရမ်မာ အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီကားကို Anna Boden နဲ့ Ryan Fleck တို့က ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဘယ်လိုစိတ်ဝင်စားမှုတွေနဲ့ ကြည့်ရှု့တဲ့သူတွေရဲ့ စိတ်ပင်ပန်းမှုတွေကို သက်သာစေမလဲဆိုတာတော့ ကြည့်လိုက်ရအောင်ပါ။

(၃) Harry Potter and the Sorcerer’s Stone

Harry Potter ကားတွေကို ကြိုက်နှစ်သက်တဲ့သူ ရှိပါသလား။ Harry Potter ကားတွေဟာ လူတော်တော်များများရဲ့ ငယ်ဘဝ အစိတ်အပိုင်းတစ်ခုပါ။ ဒီဇာတ်ကားကိုကြည့်ရင်း ကောင်းတဲ့ အချိန်တွေပိုင်ဆိုင်ခဲ့မှာပါ။

ဒါကြောင့် စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျနေချိန် အပြောင်းအလဲတစ်ခုအနေနဲ့ Harry Potter Series ရဲ့ အကြိုက်ဆုံး ဇာတ်ကားတစ်ခုကို ပြန်ကြည့်လိုက်ပါ။ ခဏတာ စိတ်ပင်ပန်းမှုတွေနဲ့ ဝေးရာတခြားကမ္ဘာဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။

(၄) Big Hero 6

နောက်ထပ်ပြောပြပေးချင်တဲ့ ကားလေးကတော့ Big Hero 6 Animation ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက ၂၀၁၄ မှာ ထွက်ခဲ့တဲ့ Computer-Animated Superhero Film အမျိုးအစားဖြစ်ပြီး Walt Disney Pictures ကနေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Animation လေးက ပေးချင်တဲ့ မက်ဆေ့ကရော ဘာပါလဲ။ တူတူကြည့်လိုက်ရအောင်။