အိမ်ထောင်ရှင် အမျိုးသားတစ်ယောက် ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ လူနေမှု ပုံစံတစ်ချို့ကို မဖြစ်မနေ ပြောင်းသင့်ပါတယ်။ လူမှုဘဝအပြောင်းအလဲအနေနဲ့ အရင်ဆုံး ဖြတ်သန်းရမှာက မနက်ခင်း အိပ်ရာက ထပြီး မိနစ် ၃၀ အတွင်း အလေ့အကျင့်တွေပါပဲ။ဒီလို ပြောင်းရမယ့် အလေ့အထတွေထဲမှာ အခုပြောမယ့် အလေ့အကျင့်ကောင်းတွေလည်း ပါနေပါတယ်။

(၁) ချစ်ခြင်း မေတ္တာ ဖြန့်ကျက်ပါ

Couple Waking Up In Bed Together

Photo: Freepik

မနက်ခင်းရဲ့ အဖွင့်မှာ ချစ်ခြင်းမေတ္တာတံခါးတစ်ချပ် ဖွင့်ပြီး နိုးထခြင်းဟာ တစ်နေ့တာအတွက် အစကောင်းပါပဲ။ ကိုယ့်အိပ်ရာမှာ ချစ်ဇနီးရှိရင်လည်း အနမ်းတစ်ချက်နဲ့ ပွေ့ဖက်ပြီး နိုးထပါ။ ကလေးတွေ ရှိရင်လည်း သူတို့ကို ချစ်တဲ့စိတ်နဲ့ မနက်ခင်းကို Hello လို့ နှုတ်ဆက်ပါ။ ဒါဟာ သင့်မေတ္တာကို ဖြန့်ထားတာ ဖြစ်ပြီး လောကကြီးထဲက မေတ္တာတရားကို ခံယူလိုက်တာလည်း ဖြစ်ပါတယ်။

(၂) စားသောက်စရာတစ်ခုခု စီစဉ်ပေးပါ

Handsome brunet male looks gladfully at his pet

Photo: Freepik

အိမ်ရှင်မက မနက်စာအတွက် ပြင်ဆင်နေချိန်မှာ သင့်အနေနဲ့ အားလုံးအတွက် ကော်ဖီတစ်ခွက်စီ လိုက်ဖျော်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မနက်စာအတူ စားဖို့အတွက် ကူပြီး ပြင်ဆင်ပေးနိုင်ပါတယ်။ ကိုယ်လက်သန့်စင်ပြီးတဲ့နောက် မနက်ခင်းမှာ မိသားစု မနက်စာကို အတူစားဖြစ်ခြင်းဟာ ကြည်နူးစရာပါ။

(၃) ဂျာနယ်တစ်စောင် ဖတ်ပါ

Handsome man reading newspaper

Photo: Freepik

မနက်ခင်းမှာ တစ်နေ့တာ သတင်းကို ဂျာနယ်တစ်စောင်ကပဲ ဖြစ်ဖြစ် သတင်စာကပဲ ဖြစ်ဖြစ် ၁၅ မိနစ် နာရီဝက်လောက် ဖတ်သင့်ပါတယ်။ စမတ်ဖုန်းတွေနဲ့တော့ မနက်ခင်းချိန်ခါကို မဖြတ်သန်းဖို့ အကြံပြုချင်ပါတယ်။ သင်နှစ်သက်ရာ မဂ္ဂဇင်းတစ်အုပ် ဒါမှမဟုတ် ဖတ်လက်စ စာအုပ်ရဲ့ အခန်းတစ်ခန်းကို ဖတ်ဖို့ ဒါမှမဟုတ် Audio Book လေး နားထောင်တာမျိုးက ဗဟုသုတလည်းရ စိတ်အဆာလည်း ပြေပါတယ်။

(၄) အားကစား လုပ်ပါ

Male sprinter ready for running

Photo: Freepik

မနက်ခင်း စောစော ထဖို့နဲ့ Gym ကစားတာမျိုးဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ အားကစားလုပ်ခြင်းဟာ အန်ဒိုဖင်းလို့ ခေါ်တဲ့ သဘာဝအတိုင်း နာကျင်မှုကို သက်သာစေပြီး လူကို ပိုမိုပျော်ရွှင်စေတဲ့ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ မနက်တိုင်း ပုံမှန် Gym ကစားမယ်ဆိုရင် သွေးလည်ပတ်မှုလည်း ကောင်းသလို အရွယ်ကြောင့် ကိုယ်အလေးချိန်တက်တာမျိုး ရှောင်နိုင်ပါတယ်။ Gym မသွားနိုင်ရင်လည်း အနည်းဆုံး ဒိုက်ထိုးတာလောက်တော့ ကိုယ့်အိမ်မှာကိုယ် လုပ်နိုင်ပါတယ်။

(၅) တစ်နေ့တာအတွက် အစီအစဉ်ချပါ

man doing yoga at home while being quarantine and freelance online working

Photo: Freepik

လူတိုင်းအတွက် မနက်ခင်း လုပ်စရာတွေ အများကြီး ရှိပါတယ်။ တချို့သူတွေ ရုံးအလုပ်သွားရပြီး တစ်ချို့က ကိုယ်ပိုင်လုပ်ငန်းတွေ စတင်ဖို့ ပြင်ရတော့မှာပါ။ ဝီရိယကောင်းကောင်းနဲ့ မနက်ခင်းကတည်းက တစ်နေ့တာ လုပ်ဆောင်ဖွယ်ရာတွေကို ကြိုကြိုတင်တင် အစီအစဉ်ချထားမယ်ဆိုရင် အလုပ်လည်းတွင် ပင်ပန်းမှုလည်း နည်းလာပါလိမ့်မယ်။