Everyday Look အတွက် Medium-Coverage ပေးနိုင်တဲ့ အကောင်းဆုံး Foundation တွေကို မျှဝေပေးလိုက်ပါတယ်။ Medium-Coverage လောက်ဆိုရင် ထသွားထလာအတွက်လည်း အဆင်ပြေသလို ရုံးသွား၊ ကျောင်းသွားအတွက်လည်း အဆင်ပြေပါတယ်။

Giorgio Armani Luminous Silk Foundation

သူ့ရဲ့ Texture က လိမ်းရတာ Lightweight ဖြစ်ပြီး Smooth ဖြစ်ပါတယ်။ ကြည်ကြည်ပြောင်ပြောင် Look လေး လိုချင်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ရွေးချယ်စရာ Shades ကလည်း 40 တောင်ရှိပါတယ်။

Lancôme Teint Idole Ultra Wear Care & Glow Foundation

Natural Radiant Look လေးရစေပါတယ်။ Skincare Ingredient တွေပါဝင်ပြီး လိမ်းထားရင် အသားအရေကောင်းသလိုလေး Glow နေတာကတော့ အားသာချက်ပါပဲ။ သူ့ရဲ့ Texture က နည်းနည်းထူပေမယ့် Blend ရလွယ်ကူပါတယ်။ SPF 27 ပါပြီး ရွေးချယ်စရာ Shades က 30 ရှိပါတယ်။

Dior Backstage Face & Body Foundation

Lightweight ဖြစ်ပြီး Blend ရလွယ်ကူပါတယ်။ Natural Look လေးရစေတာကြောင့် လူကြိုက်အရမ်းများတဲ့ Foundation တွေထဲက တစ်ခုပါပဲ။ မိတ်ကပ်သားညက်ပြီး အရမ်းလှပါတယ်။ ရွေးချယ်စရာ Shades ကလည်း 40 တောင်ရှိပါတယ်။

Bobbi Brown Skin Long-Wear Weightless Foundation SPF 15

Matte Type ကြိုက်တဲ့သူတွေ သုံးသင့်တဲ့ Foundation ဖြစ်ပါတယ်။ မိတ်ကပ်သားလှပြီး လိမ်းရတာလည်း အရမ်းအဆင်ပြေပါတယ်။ Matte Foundation ဆိုပေမယ့် ခြောက်သွေ့ပြီး Cakey ဖြစ်မှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။ ရွေးချယ်စရာ Shades က 42 ခုတောင် ရှိပါတယ်။

NARS Light Reflecting Advanced Skincare Foundation

လိမ်းရတာ Lightweight ဖြစ်ပြီး Natural Radiant Look လေး ရစေပါတယ်။ လူကြိုက်များတဲ့ Foundation ဖြစ်ပါတယ်။ Medium-Coverage ပေးနိုင်ပေမယ့် အရမ်းအဆီပြန်ရင်တော့ မိတ်ကပ်သားမခံတာမျိုး ဖြစ်လေ့ရှိပါတယ်။ ရွေးချယ်စရာ Shades ကတော့ 36 ခုရှိပါတယ်။