ချွေးပေါက်ကျယ်ပြီး အဆီအရမ်းပြန်နေတဲ့သူတွေ၊ အသားအရေ ညစ်နေတဲ့သူတွေအတွက် ချွေးပေါက်ကျယ်တာသက်သာပြီး Flawless Skin လေးဖြစ်လာစေမယ့် အကောင်းဆုံး Mask တွေကို မျှဝေပေးလိုက်ပါတယ်။ မျက်နှာကို Exfoliate လုပ်ပေးတာမျိုး Make သုံးပေးတာမျိုးက တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသင့်ပါတယ်။
GLAMGLOW SUPERMUD Charcoal Instant Clearing Treatment Mask
ချွေးပေါက်ပိတ်နေတာ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာစေပြီး ချွေးပေါက်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကိုလည်း သေချာဖယ်ရှားပေးပါတယ်။ အသားအရေကို နူးညံ့ချောမွေ့စေပြီး Flawless Skin လေးရစေပါတယ်။ အနံ့နည်းနည်းပြင်းပေမယ့် သုံးပြီးရင် အသားအရမ်းခြောက်သွားတာမျိုး မဖြစ်စေပါဘူး။
Aztec Secret Indian Healing Clay
ချွေးပေါက်ကျယ်တာ သက်သာစေပြီး ချွေးပေါက်ပိတ်ဆို့စေတဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပုံမှန်သုံးပေးရင် အသားအရေကြည်လင်ပြီး Flawless ဖြစ်စေတယ်၊ ချွေးပေါက်ကျယ်တာ၊ အဆီပြန်တာတွေကိုလည်း သက်သာစေပါတယ်။ သုံးပြီးရင်တော့ နည်းနည်းလေး အသားခြောက်တာမျိုး ဖြစ်တဲ့အတွက် Skincare သေချာပြန်လိမ်းပေးရပါမယ်။
Kiehl’s Rare Earth Deep Pore Minimizing Cleansing Clay Mask
အဆီပြန်ပြီး ချွေးပေါက်ကျယ်တဲ့သူတွေအပြင် Acne Prone Skin တွေပါ သုံးလို့ရတဲ့ Clay Mask ဖြစ်ပါတယ်။ ချွေးပေါက်တွေထဲအထိ သေချာသန့်စင်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ အသားအရေချောမွေ့ပြီး Flawless ဖြစ်စေတယ်၊ သုံးပြီးရင် သန့်စင်ပြီး Fresh ဖြစ်သွားတဲ့ Feeling မျိုး ရစေပါတယ်။
Volition Beauty Detoxifying Silt Gelée Mask
ချွေးပေါက်တွေကို သေချာသန့်စင်ပေးပြီး အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးတဲ့အတွက် ခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ အသားအရေချောမွေ့ပြီး Flawless Skin လေး ရလာစေပါတယ်။ အသားအရေက အရမ်းအဆီသိပ်မပြန်ဘူး ချွေးပေါက်တွေပိတ်နေတယ်၊ အသားအရေညစ်နေတယ်ဆိုရင် ဒီ Mask ကို သုံးနိုင်ပါတယ်။
Lancer Skincare Clarifying Detox Mask
Acne Prone Skin တွေအတွက် အထူးသင့်တော်ပါတယ်။ Breakouts ဖြစ်တာနဲ့ ချွေးပေါက်ပိတ်တာတွေကို သက်သာစေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို သေချာသန့်စင်ပေးပါတယ်။ အသားအရေနီမြန်းတာနဲ့ ဝက်ခြံတွေကိုလည်း သက်သာစေပြီး အသားအရေကို Flawless ဖြစ်စေပါတယ်။