Makeup Remover အမျိုးအစားတွေထဲမှာမှ Makeup Remover Wipe သုံးရတာ ကြိုက်တဲ့သူတွေလည်း ရှိမှာပါ။ ခရီးသွားတဲ့အခါမျိုးမှာဆိုရင် Makeup Remover ဘူးတွေ၊ Cotton Pad တွေ ထည့်နေစရာမလိုတဲ့အတွက် Makeup Remover Wipe က ပိုပြီးအဆင်ပြေပါတယ်။ ဒါကြောင့် 2023 အတွက် အကောင်းဆုံးအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ Makeup Remover Wipe တွေကို မျှဝေပေးလိုက်ပါတယ်။

Neutrogena Makeup Remover Cleansing Towelettes with Case

Dermatologist-tested ဖြစ်ပြီး Waterproof Makeup တွေကအစ သေချာဖျက်ပေးနိုင်ပါတယ်။ တစ်ထုပ်မှာ 25 ရွက်ပါပြီး အနံ့က Clean ဖြစ်တဲ့ အနံ့လေးပါ။ Cruelty-Free ဖြစ်ပါတယ်။

Burt’s Bees Sensitive Skin Facial Cleansing Towelettes

Best Drugstore အဖြစ်နဲ့ သတ်မှတ်ထားတဲ့ Makeup Remover Wipe ဖြစ်ပါတယ်။ သုံးရတာ Hydrating ဖြစ်ပြီး အနံ့ကတော့ Fresh ဖြစ်တဲ့ အနံ့ပါပဲ။ အသားစပ်တာ၊ နာတာမျိုးလည်း မဖြစ်စေပါဘူး။ သူ့ရဲ့အသားက 60% Cotton ဖြစ်ပါတယ်။ တစ်ထုပ်မှာ အရွက် 30 ပါပြီး သူလည်း Cruelty-Free ဖြစ်ပါတယ်။

Almay Biodegradable Clear Complexion Makeup Remover Towelettes

Oily Skin တွေအတွက် အကောင်းဆုံး Makeup Remover ဖြစ်ပါတယ်။ Oil-free, Fragrance-free ဖြစ်ပြီး Cruelty-Free ဖြစ်ပါတယ်။ တစ်ထုပ်မှာ 25 ရွက်ပါပါတယ်။ 100% Biodegradable Fibers နဲ့လုပ်ထားတာဖြစ်ပြီး Hazel, Aloe Vera, Cucumber, Salicylic Acid စတာတွေပါဝင်လို့ Oily Skin အပြင် Breakout-prone Skin တွေအတွက်လည်း အရမ်းကောင်းပါတယ်။

Cetaphil Gentle Makeup Removing Wipes

Sensitive Skin တွေအတွက် အကောင်းဆုံး Makeup Remover Wipe ဖြစ်ပါတယ်။ Non-irritating ဖြစ်တာကြောင့် Eye Makeup တွေကိုပါ စိတ်ချလက်ချဖျက်လို့ရပါတယ်။ ဒါ့အပြင် Fragrance-free, Paraben-free, Cruelty-Free ဖြစ်ပါတယ်။ သူလည်း တစ်ထုပ်မှာ 25 ရွက်ပါပါတယ်။

Clé de Peau Beauté Eye & Lip Makeup Remover Sheets

နူးညံ့တဲ့ Texture နဲ့ Nourishing ဖြစ်လို့ Dry Skin တွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ အနံ့က Fresh ဖြစ်တဲ့ Floral အနံ့လေးဖြစ်ပါတယ်။ တစ်ထုပ်မှာ အရွက် 50 ပါပြီး သူလည်း Cruelty-Free ဖြစ်ပါတယ်။