ရုပ်ရှင်နာမည်ကြားလိုက်တာနဲ့ ရင်ထဲမှာ တစ်ခုခုဆို့နင့်သွားသလို ခံစားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်၊ သင်ဟာ ဝမ်းနည်း ကြေကွဲဖွယ်ရာ အချစ်ဇာတ်ကား တစ်ကားကားကို ကြည့်ပြီးသွားပြီပဲဖြစ်ပါတယ်။

များသောအားဖြင့် ရိုမန့်တစ်ဇာတ်ကားတွေကို ပျော်ရွှင်စရာအဆုံးသတ်တွေနှင့် ဖန်တီးထားတတ်ကြပါတယ်။ သို့သော်လည်း အခုဖော်ပြပေးမယ့် ဇာတ်ကားများကတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားချက်ကို အဆုံးစွန်ထိ ခံစားသွားရအောင် လုပ်ဆောင်နိုင်တဲ့ အချစ် ဇာတ်ကား များပဲဖြစ်ပါတယ်။

Never Let Me Go

ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာ လူငယ်တစ်စုကို သူတို့အတွက် ကိုယ်ပွားများ ဖန်ဆင်းထားပြီး သူတို့ကို အခြားသူများ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်ဖို့ရန်အတွက် ကိုယ်တွင်းအင်္ဂါ လှူဒါန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဖန်တီးထားတာဖြစ်ပါတယ်။ သူတို့သည် ထိုအဖြစ်မှန်ကို သိသွားတဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်မလဲ။

Seven Pounds

ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားသည်လည်း စောစောကလိုပဲ ကိုယ်အင်္ဂါလှူဒါန်းတဲ့ အကြောင်းနှင့် ဆက်စပ်နေတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဟာ သူချစ်ရတဲ့သူကို ကယ်တင်ဖို့အတွက် သူ့ရဲ့ကိုယ်တွင်းအင်္ဂါကို လှူဒါန်းပေးရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ လှူဒါန်းဖို့ဆိုရင် သူ့ကိုယ်သူ အသေခံပေးမှာရမှာပါ။

Amour

ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကားလေးကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။

A Walk To Remember

ဒီဇာတ်ကားလေးကတော့ သွေးကင်ဆာရောဂါသည် ကောင်မလေးနှင့် သူ့ကောင်လေးရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကြေကွဲဖွယ်အတိပြီးတဲ့ ဇာတ်ကားလေးမို့ စိတ်မခိုင်ရင်တော့ မကြည့်သင့်ပါဘူး။

One Day

ဒီဇာတ်ကားလေးကတော့ Emma ဆိုတဲ့ ကောင်လေးနဲ့ Dexter ဆိုတဲ့ ကောင်ကလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အချိန်အကြာကြီး တစ်ယောက်လမ်း တစ်ယောက်လျှောက်ခဲ့ပြီးနောက် အတော်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။ တွေ့ဆုံပြီး မကြာပါဘူး။ Emma တစ်ယောက် ယာဉ်မတော်တဆမှုဖြင့် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဘာ့ကြောင့် ကံကြမ္မာက သူတို့ကို မျက်နှာသာမပေးတာလဲ။

The Notebook

A Walk To Remember ဆိုတာကတော့ Nicholas Sparks ရဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ The Notebook ဇာတ်ကားသည်လည်း သူ့ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

The Fault In Our Stars

ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထွက်ထွက်ချင်းမှာပဲ တော်တော်လေး Hit ဖြစ်ခဲ့တာပါ။ ဘယ်လိုအကြောင်းအရာမျိုးကြောင့် လူကြိုက်များရသလဲဆိုတာကတော့ The Fault In Our Stars ကြည့်ရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။

Titanic

တိုင်တန်းနစ်ဇာတ်ကားလေးကိုတော့ မပြောလည်းပဲ သိကြမှာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် ယနေ့ထိတိုင် လူကြိုက်များ နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်ကားတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထိတိုင် စွဲနစ်နေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။