အသက် 18, 19, 20 လောက်ထဲက Eye Cream သေချာလိမ်းတဲ့သူနဲ့ Eye Cream မလိမ်းတဲ့သူရဲ့ မျက်နှာအသားအရေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အရမ်းသိသာပါတယ်။ Eye Cream လိမ်းတဲ့သူရဲ့ မျက်လုံးအောက်နားတစ်ဝိုက် အသားအရေက တင်းရင်းပြီး အရေးအကြောင်းမရှိတဲ့အတွက် ပိုပြီးနုပျိုလှပနေစေပါတယ်။ Eye Cream မလိမ်းတဲ့အခါ အသက် 20 ကျော်လောက်နဲ့ အရေးအကြောင်းတွေပေါ်လာပြီး မျက်ကွင်းညိုတာတွေ ဖြစ်လွယ်ပါတယ်။ ဒါတွေက အိုမင်းရင့်ရော်ခြင်းတွေကို ပိုဖြစ်စေပါတယ်။

ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုရီးယား Brand ပဲ ကြိုက်တဲ့သူတွေအတွက် ရေဓာတ်ပြည့်ဝပြီး အသားအရေတင်းရင်းစေဖို့ အကောင်းဆုံးဖြစ်တဲ့ ကိုရီးယား Eye Cream တွေကို မျှဝေပေးလိုက်ပါတယ်။

Goodal Green Tangerine Vita C Dark Circle Eye Cream

မျက်ကွင်းညိုတာ အဓိကသက်သာစေပြီး မျက်လုံးနားတစ်ဝိုက် အသားအရေ Bright ဖြစ်လာစေတယ်၊ အသားအရေ တင်းရင်းလာစေပါတယ်။

Medicube Deep Reviving Peptide Eye Cream

Sensitive Skin တွေအတွက် အထူးသင့်တော်ပါတယ်။ သူ့မှာက Hyaluronic Acid နဲ့ Niacinamide ပါဝင်လို့ အသားအရေ တင်းရင်းပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။

Beauty of Joseon Revive Eye Cream Ginseng + Retinal

မျက်အိတ်ဖောင်းတာ အဓိကသက်သာစေပြီး အရေးအကြောင်းတွေ သက်သာကာ အသားအရေ တင်းရင်းလာစေပါတယ်။

Haruharu Wonder Black Rice Bakuchiol Eye Cream

Brightening & Firming အဓိကဖြစ်လို့ မျက်ကွင်းညိုတာ သက်သာစေတယ်၊ အသားအရေစိုပြည်ပြီး တင်းရင်းလာစေဖို့လည်း အထောက်အကူဖြစ်ပါတယ်။

AHC Ten Revolution Real Eye Cream For Face

မျက်လုံးနားတစ်ဝိုက် အသားအရေကို တင်းရင်းစေပြီး ရေဓာတ်ပြည့်ဝနေသလို ပြောင်ပြောင်တင်းတင်းလေးနဲ့ ဖြစ်နေစေပါတယ်။

Cosrx Advanced Snail Peptide Eye Cream

မျက်လုံးနားတစ်ဝိုက် အသားအရေစိုပြည်ပြီး အသားအရေတင်းရင်းစေပါတယ်။ အရေးအကြောင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် အရမ်းအဆင်ပြေသလို အရေးအကြောင်း နည်းနည်းလေးဖြစ်နေရင်လည်း သုံးလို့အဆင်ပြေပါတယ်။