အားလုံးပဲ မင်္ဂလာပါနော်။ ဗိုက်အဆီချရတာ ပင်ပန်းနေပြီလား ပျိုမေတို့ရေ။ စားလိုက်တဲ့အချိန်တိုင်း အဆီတွေ ဗိုက်သားမှာပဲ သွားစုပြုံတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ဗိုက်အဆီကျဖို့ အစားလျှော့စားရတာ၊ လေ့ကျင့်ခန်းလုပ်ရတာလည်း အလုပ်တစ်ခုပါပဲ။ ဒီတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ထိထိရောက်ရောက် ဗိုက်အဆီချနိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြပေးပါ့မယ်။ ဒီလေ့ကျင့်ခန်းနာမည်ကိုတော့ Reverse Crunch လို့ခေါ်ပါတယ်။

Reverse Crunch ပြုလုပ်ပုံ

Source: Coach Mag

၁။ ကြမ်းပြင်ပေါ်မှာ ဒူးကွေးလျက်လဲလျောင်းလိုက်ပါ။ လက်တွေကိုတော့ ခြေထောက်ဆီညွှန်လျက် အနေအထားနဲ့ ထားလိုက်ပါ။ ပြီးနောက် ဒူးကွေးထားတဲ့ခြေထောက်ကို အပေါ်မြှောက်တင်လိုက်ပါ။ သင့်ခြေချောင်းတွေက သင့်ခန္ဓာကိုယ်နဲ့ ဝေးသွားပါလိမ့်မယ်။

၂။ အသက်ရှူထုတ်ပြီး သင့်တင်ပါးကို ကြမ်းပြင်နဲ့ဝေးရာဆွဲတင်ပါ။ ကိုယ့်ဗိုက်ကို အာရုံစိုက်ပါ။ သင့်ဒူးတွေက ဦးခေါင်းရှိရာဆီ ညွှန်လျက်သားဖြစ်နေပါမယ်။

၃။ အသက်ရှူသွင်းပြီး နဂိုစထွက်အနေအထားကိုပြန်သွားပါ။ ဒီပုံစံကို ပုံမှန်ဖြည်းဖြည်းလေး လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၁၂ ခါ ၂ ကြော့နေ့တိုင်းပြုလုပ်ပေးပါ။ သင့်ဗိုက်ချပ်လာပါလိမ့်မယ်။

ပြုလုပ်ပုံ ဗီဒီယို

Source: LIVESTRONG.COM

By MyStyle Myanmar