သင်က လက်ရှိမှာ ဆံပင်စတိုင်ကို ပြောင်းလဲချင်နေသူလား။ ဆံပင်စတိုင်က သင့်ကိုယ်သင် အမြန်ပြောင်းလဲနိုင်တဲ့ စတိုင်ဖြစ်ပြီး အသစ်တဖန် ပြန်လည် စတင်ခြင်းလို့ အဓိပ္ပာယ်ရတတ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ပြောင်းလဲနိုင်တဲ့ ဆံပင်စတိုင်များစွာ ရှိကာ ရွေးရခက်တာပါ။ ကိုယ်နဲ့ လိုက်ပါ့မလား စိတ်ပူရတာပါ။ ဒီတစ်ခေါက်မှာတော့ ကိုယ်နဲ့ လိုက်မလိုက် ကိုယ့်ဘာကိုယ် မဆုံးဖြတ်ဘဲ Astrology ကို ဆုံးဖြတ်ခိုင်းရင်ရော?? အခုဖော်ပြထားတဲ့ ဆံပင်စတိုင်တွေက သင့်မျက်နှာ အချိုးအစားအလိုက် လိုက်ဖက်ချင်မှ လိုက်ဖက်မှာပါ။ ဒါပေမဲ့ ရာသီခွင်တစ်ခုဆီရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား အရ လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေ ဖြစ်တာမို့ သင် စိတ်ဝင်စားမှာပါ။

Aries

အလုပ်တစ်ခုကို အမြဲ ခွန်အားအပြည့်၊ သွက်သွက်လက်လက် လုပ်တတ်တဲ့ Aries တွေနဲ့ ဆံပင်တိုက လိုက်ဖက်ပါတယ်။

Taurus

အမြဲတည်တံ့နေတဲ့ စတိုင်တွေ၊ မရိုးသွားတဲ့ စတိုင်တွေကို နှစ်သက်တတ်တဲ့ Taurus တွေအတွက် ဆံပင်ဂုတ်ဝဲစတိုင်က လိုက်ဖက်မှာပါ။

Gemini

အလုပ်လုပ်တိုင်း လှုပ်လှုပ်ရွရွ ဖြစ်တတ်တဲ့ Gemini တွေအတွက် ဒီဆံပင်စတိုင်က အဆင်ပြေပါတယ်။

Cancer

စိတ်ကူးယဉ်ဆန်ကာ မိန်းမဆန်တဲ့ ဘက်ကို နှစ်သက်တတ်တဲ့ Cancer ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ပါ။

Leo

ဒရာမာ ဆန်ဆန် စတိုင်နဲ့ လိုက်ဖက်တဲ့ ထင်းထွက်နေမယ့် ဆံပင်စတိုင်ကို Leo ရာသီဖွားတွေ လိုအပ်ပါတယ်။

Virgo

ဘယ်အရာမဆို အတိအကျ လုပ်တတ်တဲ့ Virgo ရာသီဖွားတွေနဲ့ ဆံပင်အတိက လိုက်ဖက်ပါတယ်။

Libra

အရာရာကို ညီတူညီမျှ လုပ်တတ်တဲ့ Libra ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ပါ။

Scorpio

ရည်မှန်းချက် ကြီးတဲ့ Scorpio တွေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်

Sagittarius

ပျော်ပျော်နေတတ်တဲ့ Sagittarius ရာသီဖွားတွေနဲ့ ဒီဆံပင်စတိုင်က အဆင်ပြေမှာပါ။

Capricorn

ပေါ့ပေါ့ပါးပါး နေတတ်တဲ့ Capricorn ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ကတော့ ဖွထားတဲ့ ဆံပင်ပုံစံပါ။

Aquarius

အမြဲ လွတ်လွတ်လပ်လပ် နေတတ်တဲ့ Aquarius တွေက ဆံပင်ထုံးထားတဲ့ စတိုင်နဲ့ လိုက်ဖက်တတ်ပါတယ်။

Pisces

Pisces တွေက Water Sign ဖြစ်တာမို့ Flow ဖြစ်သွားတဲ့ ဆံပင်စတိုင်နဲ့ လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar