ဆံသားခြောက်သွေ့ပြီး ဖွာနေတယ်ဆိုရင် ဆံသားငြိတာ၊ ရှုပ်ထွေးတာတွေ ဖြစ်လွယ်ပြီးတော့ ဆံပင်ကျွတ်လာပါမယ်။ ဆံသားလည်း လှပမှုမရှိပါဘူး။ ဒါကြောင့် ခြောက်သွေ့ပြီး ဖွာတဲ့ဆံသားအတွက် သုံးသင့်တဲ့ အကောင်းဆုံး Hair Oil တွေကို ဖော်ပြပေးလိုက်ပါတယ်။

Dabur Dabur Amla Hair Oil

Amla လို့ခေါ်တဲ့ ဆီးဖြူသီးက ဗီတာမင် C နဲ့ ဗီတာမင် E ရဲ့ အရင်းအမြစ်ဖြစ်တာကြောင့် ဦးရေပြားနဲ့ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ Moisture ကို ရရှိစေတာကြောင့် ဆံသားခြောက်သွေ့ပျက်စီးတာ၊ ဖွာတာအတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် Amla Hair Oil တွေက အနံ့ပြင်းတာကြောင့် နေ့တိုင်းလိမ်းထားဖို့ကျ အဆင်မပြေပါဘူး။ ဒီတော့ ခေါင်းလျှော်မယ်ဆိုရင် မလျှော်ခင်ညမှာ တစ်ခေါင်းလုံး များများလေးလိမ်းပြီးတော့ မနက်မှလျှော်တာမျိုး လုပ်ပေးလို့ရပါတယ်။

Moroccanoil Moroccanoil Treatment

နာမည်ကြီးလူကြိုက်များတဲ့ Hair Oil ဖြစ်ပါတယ်။ ဆံသားခြောက်သွေ့နေရင် သုံးသင့်ပါတယ်။ သူက ဆံကေသာ တောက်ပစေပြီး Healthy Hair လိုမျိုးလေး ဖြစ်နေစေပါတယ်။

Olaplex No.7 Bonding Oil

ဆံသားခြောက်သွေ့ပြီး အရမ်းလည်းပျက်စီးနေတယ်ဆိုတဲ့သူတွေ သုံးသင့်တဲ့ Hair Oil ဖြစ်ပါတယ်။ ဆံသားတောက်ပြောင်ပြီး ကျန်းမာလှပစေပါတယ်။ အမြဲတမ်း ဆံသားကို ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ အပူချောင်းသုံးတဲ့သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

Kiehl’s Since 1851 Magic Elixir Scalp and Hair Oil Treatment

ထောပတ်သီးအဆီနဲ့ Rosemary Oil အဓိကပါတာကြောင့် ဆံသားနဲ့ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို အပြည့်အဝရရှိစေပါတယ်။ ဆံသားတောက်ပြောင်ပြီး ကျန်းမာစေတယ်၊ ဆံသားခြောက်သွေ့ပျက်စီးတာကို သက်သာစေပါတယ်။

K18 Biomimetic Hairscience Molecular Repair Hair Oil

ဆံသားခြောက်သွေ့ပြီးဖွာတာ၊ ဆံသားပျက်စီးတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာစေပြီး ဆံသားပိုမိုတောက်ပြောင်လာစေဖို့ ကူညီပေးမယ့် Hair Oil ဖြစ်ပါတယ်။