ဆံပင်ကျွတ်ခြင်းကနေ သက်သာစေရုံသာမက ဆံပင်ရှည်မြန်စေပြီး အရွယ်မတိုင်ခင် ဆံသားအရောင်မွဲခြင်း၊ ဖြူခြင်းနဲ့ ခြောက်သွေ့ကြမ်းတမ်းခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းလေးတစ်ခုကို ပြောပြပေးမယ်ဆိုရင် စိတ်ဝင်စားကြမယ်မလား။

အခုပြောပြပေးမယ့် သဘာဝနည်းလေးဖြစ်တဲ့ ဂျင်းနဲ့ ကုလားဆီးဖြူသီးတို့ရောထားတဲ့အဆီကိုလိမ်းရုံနဲ့ ဆံပင်ကျွတ်ခြင်းကို တစ်ပတ်အတွင်းသက်သာလာစေမှာလည်း ဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ဂျင်း (၃-၄) စိတ်
ကုလားဆီးဖြူသီး (၂) လုံး
ပျဉ်းတော်သိမ်ရွက်/ဟင်းခတ်သစ်ရွက် (၄၀-၅၀) ရွက်
အုန်းဆီ (၄) ဇွန်း
သံလွင်ဆီ (၂) ဇွန်း

ပြုလုပ်နည်း

ပထမဦးဆုံးအနေနဲ့ ဂျင်း၊ ကုလားဆီးဖြူသီးနဲ့ ပျဉ်းတော်သိမ်ရွက်တို့ကို ကြိတ်စိတ်ထဲ အနှစ်ရသည်အထိ အရင်မွှေပေးပါ။

ပြီးသွားရင်တော့ အုန်းဆီနဲ့ သံလွင်ဆီတို့ကို ခုနကြိတ်ထားတဲ့အနှစ်တွေထဲရောပြီး မွှေပါ။

၎င်းအရောအနှောကိုမှ ဆံပင်ပေါ် (၁၀) မိနစ်လောက်ဖြီးလိမ်းပေးပါ။

ပြီးသွားရင်တော့ (၃) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။ တစ်ညလုံးထားပေးလို့လည်း ရပါတယ်။

အားလုံးပြီးသွားရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေသုံးပြီး ခေါင်းလျှော်ချလို့ရပါပြီ။

တစ်ပတ် (၃) ကြိမ်လောက်ပေါင်းပေးခြင်းဖြင့် သိသာတဲ့ရလဒ်ကို ခံစားရမှာ အသေအချာပါပဲ့နော်။