ပျိုမေတို့ထဲမှာ ဆံပင်ကာလာလေးဆိုးပြီး ကိုယ့်ကိုယ်ကိုယ်ပုံစံပြောင်းကြည့်ဖို့ စဉ်းစားနေတဲ့သူတွေရှိလား။ ဆံပင်အရောင်ဆိုးပေးတာက အနည်းနဲ့အများ ရုပ်ပြောင်းသွားစေသလို ကိုယ့်အသားအရောင်နဲ့ လိုက်တာလေးတွေဆိုးပေးမယ်ဆိုရင် အသားလည်းဆောင်ပြီး မျက်နှာလေးကိုလည်း ပိုလှသွားစေပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ဆိုးရတာနဲ့တန်အောင် ကိုယ့်အသားအရောင်နဲ့လည်း လိုက်ဖက်နေဖို့ ရွေးချယ်သင့်တဲ့ ဆံပင်ကာလာတွေကို မျှဝေပေးလိုက်ပါတယ်။ အရောင်ပြောင်းချင်ပေမယ့် ရွေးရခက်နေသူတွေအတွက်လည်း အဆင်ပြေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

အသားဝင်းတဲ့သူတွေ

Warm Skin လို့ခေါ်တဲ့ ခပ်ဝင်းဝင်းအသားအရေက အာရှသူအများစုမှာရှိတတ်ကြတဲ့ Skin Tone မျိုးဖြစ်ပြီး ဒီလိုအသားအရောင်ပိုင်ရှင်တွေက ရွေအိုရောင်၊ အညိုနဲ့ အနီစတဲ့ ဆံပင်ကာလာလေးတွေနဲ့ လိုက်ဖက်ကြပါတယ်။ ဆိုးတဲ့အခါ ကိုယ့်အသားအရောင်ထက် ပိုလင်းတဲ့ကာလာလေးတွေကို ရွေးချယ်ပေးပါ။ သင်က အသားလတ်တဲ့သူတစ်ယောက်ဆိုရင်တော့ အောက်မှာပြထားတဲ့ အရောင်လေးတွေကို Try ကြည့်နိုင်ပါတယ်။

အသားဖြူသူတွေ

အသားဖြူတဲ့သူတွေက ဆံပင်ကာလာတော်တော်များများနဲ့လိုက်ဖက်ကြပါတယ်။ အမဲရောင်နဲ့လည်းလိုက်သလို အခြား ပန်းရောင်၊ လိမ္မော်ရောင်စတဲ့ Crazy ကာလာလေးတွေ ဆိုးပေးမယ်ဆိုရင်လည်း အသားဆောင်ပြီး တစ်မျိုးလေး ထင်းနေစေမှာပါ။

အသားညိုသူတွေ

အသာညိုတဲ့ဘက်သွားတဲ့ ညိုချောလေးတွေကတော့ များသောအားဖြင့် အညိုရောင်လို အရောင်ရင့်ရင့် ဆံပင်ကာလာလေးတွေနဲ့လိုက်ဖက်ကြပါတယ်။ အညို၊ အနီရင့်နဲ့ အဝါဘက်သမ်းတဲ့ အရောင်ငြိမ်ငြိမ်လေးတွေက အသားညိုသူတွေအတွက် ကွက်တိပါပဲ။ အောက်မှာပြထားသလို ရွှေအိုရောင် Highlight ပုံစံလေးတွေ ဖောက်တာမျိုးကလည်း သင့်မျက်နှာလေး ပိုလင်းသွားအောင် ပံ့ပိုးပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar