Makeup ဆို glow look ပဲကြိုက်တယ်ဆိုတဲ့သူတွေအတွက် အသားအရေကောင်းနေသလိုလှတဲ့ glow look မျိုးရစေမယ့် အကောင်းဆုံး foundation တွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးက အကောင်းဆုံး glow look foundation များအဖြစ်နဲ့ သတ်မှတ်ဖော်ပြခြင်း ခံထားရတာပဲဖြစ်ပါတယ်။
Ilia Super Serum Skin Tint SPF 30
Coverage လည်းကောင်းတဲ့အပြင် လိမ်းထားရင် တစ်နေကုန် စိုပြည်တောက်ပပြီး glow နေစေမှာ ဖြစ်ပါတယ်။ Makeup look အရမ်းလှပြီး SPF 30 လည်းပါတာဆိုတော့ နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။
Saie Glowy Super Skin Weightless Hydrobounce Serum Foundation
လိမ်းထားရင် skin အရမ်းကောင်းပြီး ကြည်ကြည်ပြောင်ပြောင်လေးနဲ့ glow နေသလို look မျိုးရစေပါတယ်။ ဒါကြောင့် glow look ကြိုက်တဲ့သူတွေဆိုရင် တော်တော်သဘောကျမှာပါ။ လိမ်းရတာလည်း ပေါ့ပါးမှုရှိပြီး coverage လည်းကောင်းပါတယ်။
Shiseido Revitalessence Skin Glow Foundation
အသားအရေကို healthy glow look မျိုးရစေပြီး hydrating လည်းပေးနိုင်ပါတယ်။ Natural look လေးနဲ့ glow တာမျိုးကြိုက်ရင် ရွေးချယ်သင့်တဲ့ foundation ဖြစ်ပါတယ်။
Armani Beauty Luminous Silk Foundation
Full coverage ရစေပြီး 24 နာရီ glow ပြီး လှနေစေမယ့် foundation ဖြစ်ပါတယ်။ မိတ်ကပ်သားအရမ်းလှတဲ့အပြင် လိမ်းရတာလည်း နူးညံ့တဲ့ texture ကြောင့် လူကြိုက်အရမ်းများပါတယ်။ Glow look ကြိုက်တဲ့သူတွေအတွက် ရွေးချယ်မိရင် လုံးဝနောင်တမရမှာ သေချာပါတယ်။
Yves Saint Laurent Touche Éclat Le Teint Foundation
Medium-coverage ဖြစ်ပြီး natural glow look လေးနဲ့ တစ်နေကုန် လှနေစေမှာပါ။ SPF 22 ပါဝင်လို့ နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးပြီး အချိန်ကြာကြာ glow ပြီး မိတ်ကပ်သားလှနေစေပါတယ်။
Nars Radiant Longwear Foundation
တော်တော်များများကြိုက်ကြတဲ့ foundation ဖြစ်ပြီး full coverage ရစေပါတယ်။ 16 နာရီလောက် ကြာရှည်ခံပြီး လိမ်းရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ Natural ဆန်ပြီး glow စေတဲ့အပြင် သူက fade-resistant wear လည်း ဖြစ်ပါတယ်။