မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. Valentine’s Day ဆိုတာ ပြက္ခဒိန်ပေါ်က ၃၆၅ ရက်ထဲကမှ အချစ်တွေနဲ့ပြည့်နေတဲ့ ရက်လေးပါနော်။ Valentine’s Day ဆိုတာ ချစ်သူစုံတွဲတွေအတွက်သာမကဘဲ ကိုယ်တန်ဖိုးထားရတဲ့ ချစ်ရသူ ခင်ရသူတွေပေါ် ကိုယ့်ရဲ့ မေတ္တာ၊ ချစ်ခင်မှုနဲ့ အလေးထားမှုကို ဖော်ပြကြတဲ့ တကယ်ကို ချစ်ဖို့ကောင်းတဲ့ နေ့လေးတစ်နေ့ပါ။

Valentine’s Day ရဲ့ အထင်ရှားဆုံး ဓလေ့တစ်ခုက ချစ်ရသူတွေကို ပန်းတွေ ပေးတာမျိုးဖြစ်တာမလို့ ချစ်ရတဲ့ လက်တွဲဖော် ၊ သူငယ်ချင်း ၊ မိဘတို့ကို ပန်းလက်ဆောင်ပေးမယ်ဆိုရင် ဒီပန်းလေးတွေရွေးဖို့ အကြံပြုပါရစေနော်-

Valentine’s Roses

နှင်းဆီပန်းတွေက ကမ္ဘာပေါ်မှာ အလွန်ရိုမန်တစ်ဆန်ဆုံး ပန်းပါ။ အထူးသဖြင့် အနီရောင်နှင်းဆီတွေက ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတာကြောင့် အထူးခြားဆုံးလူ ဒါမှမဟုတ် လက်တွဲဖော်အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။

Valentine’s Lilies

ပန်းတွေထဲမှာ လီလီပန်းကလည်း ချစ်ခြင်းမေတ္တာ ကိုယ်စားပြုတာမလို့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ပန်းကိုရွေးမယ်ဆိုရင် လီလီပန်းကိုလည်း ချစ်ထားလို့မရပါဘူး။

Valentine’s Alstroemeria

Peruvian lily လို့ခေါ်တဲ့ နောက်ထပ်လီလီတစ်မျိုးကတော့ ထူးခြားဆန်းပြားတဲ့ပန်းတစ်မျိုးဖြစ်ပြီး မျိုးစိတ်အများစုက ချီလီအလယ်ပိုင်း သို့မဟုတ် ဘရာဇီးအရှေ့ပိုင်းမှာ သီးသန့်ပေါက်ရောက်တဲ့မျိုးစိတ်ပါ။ သစ္စာရှိမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုတာကြောင့် ချစ်သူများနေ့မှာ ချစ်ရသူကိုပေးဖို့အတွက် အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်စေမှာပါ။

Valentine’s Tulips

အများက နှင်းဆီပန်းကို ရှေးရိုးဆန်ဆန် ရင်ခုန်စရာပန်းလို့ ထင်မြင်ကြပေမယ့် ကျူးလစ်များကိုတော့ မြတ်နိုးခြင်းကို ကိုယ်စားပြုဖို့အတွက် နှစ်ရာနဲ့ချီပြီး အသုံးပြုခဲ့ကြပါတယ်။ နက်နဲပြီး ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးဖို့ဆို အနီရောင် ကျူးလစ်များက အလိုက်ဖက်ဆုံးပါ။

Valentine’s Carnations

နူးညံ့သိမ်မွေ့တဲ့ Ruffles များနဲ့ လေးညှင်းပွင့်ပန်းလို့လူသိများတဲ့ ကာနေးရှင်းပန်းတွေကလည်း ချစ်စရာကောင်းပါတယ်။ ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဒီပန်းက ပျိုဖော်ဝင်ဖက်အချစ်ဇာတ်လမ်းတွေမှာ လက်တွဲဖော်အတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုပါ။