အရပ်ပုပုသေးသေးနဲ့ ကောင်မလေးတွေက ချစ်စရာကောင်းပေမယ့် မလိုက်ဖက်တဲ့ ဖက်ရှင်တွေလည်း ရှိပါတယ်။ ကိုယ်နဲ့မလိုက်တဲ့ဖက်ရှင်မျိုးကို ဝတ်မိရင် ကြည့်ရဆိုးစေတယ်လေ။ ဒါကြောင့် ၅ ပေ သာသာပဲရှိတဲ့ ပုပုသေးသေးကောင်မလေးတွေနဲ့ လိုက်ဖက်မယ့်ဖက်ရှင်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

Hoodie အပွလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းပါတယ်။

တီရှပ်အပွလေးတွေကို ဘောင်းဘီတိုနဲ့တွဲဝတ်ပြီး Sneakers လေးတွေစီးတာက ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်ပါပဲ။

စကပ်ဝတ်တာက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဒါပေမယ့် ကလေးဆန်လွန်းတဲ့ စကပ်အကားတွေနဲ့ဆိုရင် လူကောင်သေးတာကို ပိုသိသာစေလို့ ဝတ်မယ်ဆိုရင်တောင် ဂျင်းစကပ်လေးတွေနဲ့ စကပ်အကျပ်လေးတွေ၊ သိပ်မကားတဲ့စကပ်လေးတွေကိုပဲ ရွေးချယ်ပါ။

အရပ်ပုလို့ အတိုပဲဝတ်မယ်၊ အရှည်မဝတ်ဘူး မလုပ်ပါနဲ့။ ဂျင်းဘောင်းဘီအရှည်ကလဲ ပုပုသေးသေးလေးတွေနဲ့ လိုက်ဖက်ပါတယ်။

Crop Top အင်္ကျီအပွလေးတွေနဲ့ Crop Top အင်္ကျီကိုယ်ကျပ်လေးတွေက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းစေတဲ့ ဖက်ရှင်လေးမို့ ဒီလိုအင်္ကျီတွေ ဝယ်ထားသင့်တယ်နော်။

ဂါဝန်လေးတွေကလည်း ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ကလေးဆန်လွန်းတဲ့ ဂါဝန်တွေကိုတော့ ရှောင်ပေးပါ။

ဂျင်းကုတ်အပွလေးတွေနဲ့ Jacket အပွလေးတွေက ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးပဲမို့ ဝယ်ထားသင့်တယ်နော်။

Photo Source: www.pinterest.com