တချို့ တွေကျတော့ Body Shape ပေါ်တာမျိုးတွေ ဝတ်ရတာကို မကြိုက်ကြဘူး။ တချို့ကျတော့လည်း Body Shape လေး ပေါ်နေတာမျိုးတွေကိုပဲ ဝတ်ရတာ ပိုကြိုက်ကြတယ်။ ဒါကြောင့် Body Shape ပေါ်တာမျိုးကြိုက်တဲ့ ပျိုမေတို့အတွက် ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပေါ်လွင်စေမယ့် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Body Fit Dress အတိုလေးတွေဆိုရင် Body Shape ကို အရမ်းပေါ်လွင်ပြီး လှစေပါတယ်။ ဒါမျိုးက မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်တယ်။

တီရှပ်အကျပ်လေးတွေကို ဘောင်းဘီရှည်အကျပ်လေးတွေ Skinny Jeans လေးတွေနဲ့ တွဲဝတ်တာက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

ဒီလိုဆွဲသားကိုယ်ကျပ် ဝမ်းဆက်လေးတွေဆိုရင် ခန္ဓာကိုယ်ကောက်ကြောင်းကို အရမ်းပေါ်လွင်စေပါတယ်။ ဝတ်လိုက်ရင်လည်း ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာကျတော့ အပြင်သွားတဲ့အခါမျိုးမှာ ဝတ်သွားလို့ သိပ်အဆင်မပြေပါဘူး။ ဓာတ်ပုံရိုက်ရင်တော့ အရမ်းမိုက်ပါတယ်။

Body Fit Dress ကိုမှ လက်ပြတ်လေးတွေဆိုလည်း ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပြီး အရမ်းလှပါတယ်။ ပိန်တဲ့သူလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

အင်္ကျီကိုယ်ကျပ်လေးကို ဘောင်းဘီအကျပ် (သို့) စကပ်အကျပ်လေးနဲ့ တွဲဝတ်တာက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

ဒီလို Suit လေးဆိုရင် နောက်ပိုင်းမှာ အရမ်းခေတ်စားလာတာပါ။ EDM ပွဲတွေသွားတဲ့အခါမှာ ဝတ်လို့အဆင်ပြေတာပေါ့။

Crop Top ကိုယ်ကျပ်လေးတွေကိုဝတ်မယ်ဆိုရင် ဘောင်းဘီအကျပ်နဲ့ဝတ်တာက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

Body Fit Dress ကိုမှ နောက်တစ်မျိုးအနေနဲ့ အရှည်လေးဝတ်ရင်လည်း ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်ပြီး အရမ်းလှပါတယ်။

အနက်ဝမ်းဆက်ကိုမှ အကျပ်လေးတွေဝတ်တာကလည်း ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ ဒီလို Short Pant လေးတွေကို ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်မှာပါ။

Photo Source: www.pinterest.com