တစ်နေကုန်အလုပ်လုပ်ထားလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနေတဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းမှုတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ တကူးတက အချိန်ပေးပြီး မလုပ်နိုင်ရင်တောင်မှ ညအိပ်ခါနီးမှာ လုပ်ပေးပြီး အိပ်လိုက်ပါ။ ပင်ပန်းမှုတွေလျော့ကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

Neck stretches

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နဲ့ခေါင်းကိုကိုင်ပြီး ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးရမှာပါ။ ခေါင်းစောင်းပြီးတာနဲ့ ချက်ချင်းခေါင်းပြန်မတ်တာမျိုး မလုပ်ပါနဲ့။ ၁၀ စက္ကန့်လောက်နေပြီးမှ ခေါင်းပြန်မတ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီလောက် လုပ်ပေးပါ။

Bear hugs

Bear hugs ဆိုတဲ့လေ့ကျင့်ခန်းကတော့ လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ အဲ့ပုံစံနဲ့ ၁၀ စက္ကန့်လောက်နေပြီးရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ပြန်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။ လက်နဲ့ပခုံး ညောင်းညာနေတာတွေ သိသိသာသာ လျော့ကျသွားစေပါတယ်။

Child pose

ပုံမှာလုပ်ပြထားတဲ့ Child pose အနေအထားနဲ့ ၁ မိနစ်နေပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်လုပ်ပေးရပါမယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း နေတဲ့အချိန်မှာ မျက်စိကိုမှိတ်ပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက် ရှူထုတ်လိုက် လုပ်ပေးပါ။

Low lunge

ပုံမှာလုပ်ပြထားတဲ့ပုံစံမျိုးကို ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးပါ။ အဲ့ဒီပုံစံအတိုင်း ၁၀ စက္ကန့်လောက်နေပြီးမှသာ အနေအထားပြောင်းလုပ်ပါ။

Reclining bound angle pose

ခေါင်းအုံးမပါပဲ ပုံမှာလုပ်ပြထားတဲ့အတိုင်းလှဲပြီး ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပါ။ လက်နှစ်ဖက်ကို ဘေးချပြီး နည်းနည်းကားထားပါ။ ပြီးရင် မျက်စိမှိတ်ပြီး အသက်ကို ဖြေးဖြေးချင်းစီရှူသွင်းလိုက် ဖြေးဖြေးချင်းစီရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ အနည်းဆုံး ၅ မိနစ်မှ ၁၅ မိနစ်အထိနေပြီး လုပ်ပေးနိုင်ပါတယ်။