ဒေါသထွက်လွန်းရင် အမှားပါတာများသလို ကိုယ်တိုင်လည်း စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် ဒေါသထွက်လာရင် စိတ်လက်မာန်ပါမလုပ်ပဲ ဒေါသတွေကို လျော့ကျအောင်လုပ်ဖို့ လိုပါတယ်။ ဒီလေ့ကျင့်ခန်းတွေကတော့ သင့်ရဲ့ ဒေါသတွေကို ဖြေလျှော့ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

ပြေးပါ

ပြေးခြင်းက ဒေါသတွေကို ဖြေလျှော့ပေးနိုင်ပြီး စိတ်ကို Relax ဖြစ်သွားစေပါတယ်။ အိမ်မှာပြေးစက်ရှိရင် ပြေးစက်နဲ့ပြေးတာမျိုး လုပ်ပေးလို့ရသလို အပြင်မှာပြေးတာမျိုး၊ ခြံထဲမှာ ပတ်ပြေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။

ကြိုးခုန်ပါ

အဓိကကတော့ ချွေးထွက်တဲ့အားကစား၊ လေ့ကျင့်ခန်းတွေက ဒေါသတွေကို လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်းကလည်း ဒေါသတွေကို လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျစေမယ့် လေ့ကျင့်ခန်းတစ်ခုပါ။

Boxing ကစားပါ

Boxing လုပ်ရတာ ဝါသနာပါတဲ့သူဆို Boxing ကစားပါ။ မကျေနပ်ချက်တွေ၊ ဒေါသတွေကို Boxing ထိုးရင်း ဖြေလျှော့နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

ဘာမှမလုပ်ချင်ဘူး ငြိမ်ငြိမ်လေးပဲနေချင်တာဆိုရင်တော့ ငြိမ်ငြိမ်လေးထိုင်ပြီး မျက်စိမှိတ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ခေါင်းထဲမှာ ဘာမှမတွေးပဲ အသက်ကိုရှူသွင်းတယ်၊ ရှူထုတ်တယ်ဆိုတာကိုပဲ မှတ်ပေးပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်နေလိုက်ပါ။

ယောဂကျင့်ပါ

ယောဂကျင့်ပေးခြင်းကလည်း စိတ်ဖိစီးမှုတွေ ဒေါသတွေကို ဖြေလျှော့ပေးနိုင်မယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဒိုက်ထိုးပါ

ယောင်္ကျားလေးတွေဆိုရင် ဒိုက်ထိုးတာမျိုး လုပ်ပေးလို့ရပါတယ်။ ဒေါသတွေကို လျှော့ချပေးနိုင်မယ့် လေ့ကျင့်ခန်းတစ်ခုပါပဲ။