ဆံပင်ကျွမ်းကျင်သူ Stylist တွေက ဆံပင်ကို Hair Salon မှာပဲ ဆိုးပါလို့ တိုက်တွန်းတတ်ကြပေမယ့် အမျိုးသမီးများစွာဟာ တစ်ခါလောက်တော့ ကိုယ့်အိမ်မှာ ကိုယ်တိုင် ဆံပင်ဆိုးလေ့ရှိကြပါတယ်။ သင်က ဆံပင်ဆိုးတာ အတွေ့အကြုံရှိရင် ရှိသလို အိမ်မှာဆိုးတာက ပြဿနာမရှိပါဘူး။ ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ ဆံပင်ဆိုးချင်တဲ့ ကောင်မလေးတွေ သိထားသင့်တဲ့ Hair Care Tips တွေကို ဖော်ပြပါရစေ။
၁။ အစိုဓာတ်ဖြည့်ပါ
ဆံပင်ဆိုးဆေးက ဆံပင်ထဲက အစိုဓာတ်ကို စုပ်ယူပြီး ဆံသားခြောက်သွားစေနိုင်ပါတယ်။ သင့်အနေနဲ့ ဆံပင်မဆိုးခင် ရက်အနည်းငယ် အလိုတည်းက ဆံပင်ကို သဘာဝဆီနဲ့ လိမ်းပေးသင့်ပါတယ်။ အလွယ်တကူ သုံးနိုင်မယ့် ဆီတစ်မျိုးကတော့- သံလွင်ဆီပါ။
၂။ Hair Dye ကို ပြောင်းသုံးပါ
သင်လိုချင်တဲ့ အရောင်အလိုက် သင့်ဆံပင်နဲ့ အဆင်ပြေတဲ့ Hair Dye ကို ရှာဖွေသင့်ပါတယ်။ Dimethicone ပါဝင်တဲ့ Product တွေက ဆံသားကို လေးစေပြီး ဖုန်တွေကို စုပ်ယူနိုင်တာကြောင့် ဒီပစ္စည်းပါတဲ့ Hair Dye တွေကို ရှောင်သင့်ပါတယ်။
၃။ ဆံပင်အဖျားတွေကို တိပေးပါ
တစ်ခါတလေ ဆံပင်က ရှည်ပေမယ့် ပျက်စီးတဲ့ အဖျားတွေကြောင့် မလှဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားကို ပုံမှန်တိပေးသင့်ပါတယ်။
၄။ သေချာ Detangle လုပ်ပါ
သင့်ဆံပင်က ဆေးထိထားတဲ့အခါ အဖျားတွေဖွာပြီး ငြိနိုင်ပါတယ်။ ဆံပင်ရှင်းတဲ့အခါ လုံးထွေးနေတဲ့ အဖျားတွေကို သေချာလက်နဲ့ စမ်းပြီး Detangle လုပ်သင့်သလို ရှင်းရတာ ချောမွေ့စေဖို့ သံလွင်ဆီ လိမ်းသင့်ပါတယ်။
၅။ ခေါင်းဖြီးလဲပါ
တစ်ခါတလေ ကိုယ်သုံးနေတဲ့ ခေါင်းဖြီးပုံစံက ဆံကေသာနဲ့ မသင့်တော်တာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆံပင်နဲ့ သင့်တော်မယ့် အရည်အသွေးကောင်းကောင်း ခေါင်းဖြီးတစ်ချောင်းကို Invest လုပ်သင့်ပါတယ်။
၆။ ရေအေးကို သုံးပါ
ရေအေးက ဆံပင်ဆိုးထားတဲ့ ဆံကေသာနဲ့ သင့်တော်ပြီး ဆံပင်အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
၇။ မှန်ကန်တဲ့ Hair Product ကို သုံးပါ
အိမ်မှာ ကိုယ်တိုင် ဆံပင်ဆိုးလေ့ရှိတဲ့ ပျိုမေတို့အနေနဲ့ ဆိုးဆေးထိထားတဲ့ ဆံကေသာအတွက် ရည်ရွယ်ထားတဲ့ Hair Product တွေကို သုံးသင့်ပါတယ်။ အထူးသဖြင့် Argan Oil ပါတဲ့ Hair Product တွေက ဆံပင်ဆိုးထားတဲ့ ဆံကေသာ ပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။
Photo Source: Pinterest
by MyStyle Myanmar