2023 မှာ မျက်ကွင်းညိုတာအတွက် အကောင်းဆုံးအဖြစ်နဲ့ ဖော်ပြခြင်းခံထားရတဲ့ Concealer တွေကို မျှဝေပေးလိုက်ပါတယ်။ မျက်ကွင်းညိုတာကို ဖုံးဖို့အတွက် Concealer ကောင်းကောင်းလိုနေတယ်ဆိုရင်တော့ ဒီ Concealer တွေထဲကသာ ရွေးချယ်လိုက်ပါ။
Tarte Shape Tape Full Coverage Concealer
အရမ်း Popular ဖြစ်ပြီး လူကြိုက်များတဲ့ Concealer ဖြစ်ပါတယ်။ Full Coverage ပေးနိုင်ပြီး မျက်ကွင်းညိုတာအပြင် အရေးအကြောင်းတွေကိုလည်း သေချာဖုံးပေးနိုင်ပါတယ်။
Maybelline New York Instant Age Rewind Eraser Dark Circles Treatment Concealer
Best Budget Concealer အဖြစ်နဲ့ သတ်မှတ်ခံထားရတာပါ။ Medium to Full Coverage ပေးနိုင်ပြီး လူကြိုက်လည်းများပါတယ်။ မျက်ကွင်းညိုတာကို သေချာဖုံးပေးနိုင်ပါတယ်။
Dior Forever Skin Correct Concealer
Full Coverage ပေးပြီး မျက်ကွင်းညိုတာကို သေချာဖုံးပေးနိုင်တယ်၊ လိမ်းရတာလည်း Smooth ဖြစ်ပြီး လိမ်းထားရင်လည်း Long Lasting ဖြစ်စေပါတယ်။
Laura Mercier Secret Camouflage Concealer Duo Stick
မျက်ကွင်းညိုတာကိုလည်း သေချာဖုံးချင်တယ်၊ Bright ဖြစ်တာမျိုးလည်း လိုချင်တယ်ဆိုရင်တော့ Laura Mercier Secret Camouflage Concealer Duo Stick ကိုသာ ရွေးချယ်ပါ။ Full Coverage လည်း ပေးပါတယ်။
Kosas Revealer Super Creamy + Brightening Concealer
မျက်ကွင်းညိုတဲ့အပြင် မျက်လုံးနားတစ်ဝိုက် အသားအရေ ခြောက်သွေ့တယ်ဆိုရင် ဒီ Concealer ကိုသာ ရွေးချယ်ပါ။ Radiant Look ဖြစ်ပြီး Medium Coverage ဖြစ်ပါတယ်။
NARS Soft Matte Complete Concealer
အဆီလည်းပြန်တယ်၊ မျက်ကွင်းလည်းညိုတယ်ဆိုရင်တော့ Best Matte Concealer ဖြစ်တဲ့ NARS Soft Matte Complete Concealer ကိုသာ ရွေးချယ်ပါ။ Full Coverage ရစေပြီး မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကိုလည်း သေချာဖုံးပေးပါတယ်။
Giorgio Armani Beauty Luminous Silk Concealer
Best Radiant Concealer ဖြစ်ပြီး မျက်ကွင်းညိုတာကို သေချာဖုံးပေးနိုင်တယ်၊ Medium Coverage ဖြစ်ပြီး လိမ်းလိုက်ရင် Natural Look ရစေပါတယ်။