ဒီတစ်ခါမှာတော့ မိတ်ကပ်ပစ္စည်းတွေကိုဆိုရင် အသည်းအသန်ကြိုက်တဲ့ပျိုမေတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် ပစ္စည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ RoseGold ဆိုတာကလည်း မိန်းကလေးတိုင်းကြိုက်တဲ့အရောင်လေးပေါ့။ ဒီအရောင်လေးကို မိတ်ကပ်ပစ္စည်းတွေအနေနဲ့စုစည်းပြီး ပြောပြလိုက်မယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေခုန်ထွက်ကုန်မှာ အသေချာပဲ။

HUDA ကနေပြီးတော့ ထုတ်လုပ်ထားတဲ့ RoseGold Eyeshadow Palette လေးမှာပါနေတဲ့ အရောင်လေးတွေကလည်း ပျိုမေတို့ကိုအရည်ပျော်သွားစေမှာ အသေချာပဲနော်။ သူ့ထဲမှာပါဝင်နေတဲ့ အရောင်လေးတွေက Glitter လေးတွေလည်းပါဝင်နေတာဆိုတော့ သင့်မျက်လုံးလေးတွေကို ဆွဲဆောင်မှုရှိရှိနဲ့လှပနေအောင် ကူညီပေးနိုင်ပါတယ်။ နာမည်လေးကတော့ HUDA ရဲ့ Beauty Textured ပါနော်။

Tarte ကနေထုတ်လုပ်ထားတဲ့ Waterproof Liner လေးပဲဖြစ်ပါတယ်။ Eyeliner အနေနဲ့အသုံးပြုဖို့အဆင်ပြေပြီး Eyeshadow အတွက်လည်းသင့်တော်တဲ့ Rosegold အရောင်လေး ဖြစ်တာကြောင့် တစ်မျိုးလေးဆန်းပြီးတော့လှပနေမှာပေါ့။ Tarte Clay Pop Rosegold လေးပဲဖြစ်ပါတယ်။

Benefit ကနေထုတ်ထားတဲ့ Rockkateur ပါးနီလေးကလည်း ပျိုမေတို့အကြိုက်တွေ့စေမယ့် အရာတစ်ခုဆိုတာအာမခံနိုင်ပါတယ်။ သူ့ရဲ့အရောင်လေးကလည်း Rosegold လေးဆိုတော့ တကယ်ကိုစွဲမက်စရာကောင်းပြီး အသုံးပြုလိုက်မယ်ဆိုရင်လည်း သင့်မျက်နှာလေးပေါ်မှာကြွကြွရွရွလေးနဲ့ လှပနေမှာဖြစ်ပါတယ်။ ထုပ်ပိုးမှုပုံစံလေးကလည်း ဆွဲမက်ချင်စရာလေးပါနော်။

Becca ရဲ့ RoseGold Highlighter လေးကလည်းသင့်ကိုဖမ်းစားနေမှာ အသေချာပါပဲ။ ပါးရိုးပေါ်မှာ Highlight လေးတင်တဲ့အခါမှာ သပ်သပ်ရပ်ရပ်လေးနဲ့လှပပြီး ပျိုမေတို့လိုချင်တဲ့အတိုင်း Glow ဖြစ်နေမှာနော်။

Featured Image Source: Adjusting Beauty

Photo Source: Pinterest