Serum ကို အသုံးပြုဖို့ စဉ်းစားပြီးရွေးချယ်ထားတယ်ဆိုရင်တော့ အမျိုးအစားတွေ အများကြီး အသုံးပြုနေစရာမလိုပါဘူး။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် Serum အမျိုးအစား တစ်မျိုးတည်းကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုရုံပါပဲ။

Serum အသုံးပြုသင့်တဲ့အချိန်

Serum ကို လိမ်းဖို့အတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးအချိန်ကတော့ ညအိပ်ယာမဝင်ခင်အချိန်ပါပဲ။ ဒါမှသာ အရေပြားထဲကို သေချာစိမ့်ဝင်သွားမှာဖြစ်ပြီး အရေးပြားထဲမှာ အချိန်ကြာကြာ တည်ရှိနေမှာဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာလည်း Sunscreen နဲ့ Antioxidants တွေကို လိမ်းပေးဖို့ မမေ့ပါနဲ့။

Serum တွေကို ဘယ်လိုရွေးချယ်မလဲ

Serum တွေထဲမှာ ပုလင်းပုံစံနဲ့လာတဲ့ Serum တွေဟာ နေရောင်ခြည်နဲ့ အောက်ဆီဂျင်တွေကြောင့် Sensitive Ingredients ဖြစ်တဲ့ Retinol နဲ့ ဗီတာမင်စီ ပြိုကွဲခြင်းကို ကာကွယ်ပေးပါတယ်။

Serum ဘာကြောင့် အသုံးပြုသင့်တာလဲ

သင်အသုံးပြုနေတဲ့ Skin Care တွေက အသားအရေကို ဘာမှမထူးခြားစေဘူးဆိုရင် Serum ပြောင်းသုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ Serum ကို မှန်မှန်ကန်ကန် နဲ့ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် စိတ်ကျေနပ်ဖွယ် ရလဒ်ကို ရရှိလာပါလိမ့်မယ်။

Serum ဘယ်လိုသုံးမလဲ

Serum ကို မျက်နှာသန့်စင်အပြီး တိုနာနဲ့ ထပ်မံသန့်စင်ပေးလိုက်ပါ။ ပြီးရင်တော့ Serum ကို လိမ်းလို့ရပါပြီ။ Serum လိမ်းတဲ့အခါမှာလည်း လည်ပင်းနဲ့ ရင်ဘတ်အပေါ်ပိုင်းနေရာတွေကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့။ ပြီးတော့လည်း Serum ကို အများကြီးလိမ်းပေးစရာမလိုပါဘူး။ လိုအပ်သလောက် နည်းနည်းပဲ လိမ်းပေးရုံနဲ့ အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်။