အများစုက Exfoliation လုပ်တဲ့အခါ မျက်နှာနဲ့ခန္ဓာကိုယ်ကိုဘဲ လုပ်လေ့ရှိပြီး ဦးရေပြားကို မေ့နေတတ်ကြပါတယ်။ ဦးရေပြားတွေခြောက်ပြီး ယားနေတယ်ဆိုရင် Exfoliation က ဒါကို သက်သာစေပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ထိန်းသိမ်းဖို့အတွက်ဆို ဦီးရေပြားကို Exfoliation လုပ်ပေးဖို့ မမေ့ပါနဲ့။ ဒါကတော့ ဦီးရေပြားကို Exfoliation လုပ်ပေးရင် ရလာမယ့်ကောင်းကျိုးတွေပါ။

အရေပြားဆဲလ်သေတွေက ဦးရေပြားကို ခြောက်သွေ့စေပြီး ယားယံစေတဲ့အပြင် ဗောက်တွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒီဆဲလ်တွေကို ဖယ်ရှားဖို့ Exfoliation လုပ်ပေးရင် ဦးရေပြားရဲ့ကျန်းမာရေးကို ပိုပြီး ကောင်းမွန်စေနိုင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဦးရေပြားဟာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေ ကြီးထွားဖို့အတွက် အရေးပါပါတယ်။ Exfoliation က ဆံပင်မွေးညင်းပေါက်တွေကို ပိတ်ဆို့စေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် ဆံပင်အသစ်များ ကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။

အချိန်ကြာလာတာနဲ့အမျှ Shampoos Conditioners နဲ့ Styling Products တွေကြောင့် ဦးရေပြားက အဆီပြန်လာတာကို ဖြေရှင်းဖို့ Exfoliation က ကူညီပေးပါတယ်။

Exfoliation လုပ်ပြီးရင် ဦီးရေပြားက သန့်ရှင်းသွားတာမလို့ Hair Care Products တွေကို သုံးတဲ့အခါ ဦးရေပြားအတွင်းထဲ အလွယ်တကူ စိမ့်ဝင်သွားနိုင်တာမလို့ ဆံပင်ရဲ့အမြစ်တွေကို အာဟာရဖြစ်စေပြီး ဆံသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။