မနက်ခင်းတွေမှာစောစောထဖို့ ကြိုးစားနေရတဲ့အချိန်မှာ အပြေးလေ့ကျင့်ခန်းပါလုပ်ဖို့ဆိုတာ မလွယ်ကူဘူးလို့ အားလုံးကတွေးထားပါလိမ့်မယ်။ ဟုတ်ပါတယ်။ အလုပ်သွားရမယ့်ကိစ္စတွေ ပြင်ဆင်ရမှာတွေနဲ့ မနက်ခင်းတိုင်းက အချိန်လောက်ငှတယ်ရယ်လို့ မရှိတော့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ ထပြီးပြေးဖို့ဆိုတာ ပိုလို့တောင်ဝေးနေပါသေးတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးကိုလိုက်စားပြီး ဘဝကိုပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းချင်တယ်ဆိုရင်တော့ မနက်ပိုင်းကို အချိန်ပိုပေးပြီး လေ့ကျင့်ခန်းလုပ်ကြည့်သင့်ပါတယ်။

မနက်ဆိုရင်ပုံမှန်ထက်နာရီဝက်လောက် အိပ်ယာကနေစောထပြီး အပြေးလေ့ကျင့်ခန်းလေးလုပ်ကြည့်ဖို့ကြိုးစားပါ။ ဒီလိုမျိုး နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးလာတဲ့အခါမှာ သင့်ခန္ဓာကိုယ်မှာ သိသိသာသာပြောင်းလဲလာမယ့် ကျန်းမာရေးကောင်းကျိုးလေးတွေကိုလည်း သိထားဖို့လိုပါတယ်။

ဦးနှောက်ကိုလန်းဆန်းလာစေပါတယ်။ ပြေးလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကကောင်းကောင်း အလုပ်လုပ်သွားတာကြောင့် ဦးနှောက်ကိုလည်းလန်းဆန်းလာစေတာကြောင့် တစ်နေ့တာလုံးမှာ အလုပ်ကိစ္စတွေ၊ ကျောင်းစာတွေနဲ့ တစ်ခြားသောကိစ္စတွေ တော်တော်များများကို ဆုံးဖြတ်ချက်မှန်မှန်တဲ့ တည်ငြိမ်စွာလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

အဆုတ်ကိုလည်း အားကောင်းလာစေမှာပဲဖြစ်ပါတယ်။ အပြေးလေ့ကျင့်တဲ့သူနဲ့ မလေ့ကျင့်တဲ့သူမှာ မလေ့ကျင့်တဲ့သူတွေက အဆုတ်အားနည်းတဲ့ပြဿနာကို ခံစားရတာများပါတယ်။ ပထမဆုံးစပြေးတဲ့ရက်မှာတော့ သိပ်မပြေးနိုင်ပဲ မကြာခဏမောနေမှာပါ။ ဒါပေမယ့် ပုံမှန်လေးလုပ်သွားမယ်ဆိုရင် နောက်ပိုင်းတွေမှာ ဒီထက်ပိုပြီးတော့အမောခံလာနိုင်တော့မှာပါ။

သွေးလှည့်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကလှုပ်ရှားနေတာကြောင့် သွေးလှည့်ပတ်နှုန်းကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းတဲ့ နေ့ရက်မျိုးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

လှုပ်ရှားမှုရှိတဲ့လေ့ကျင့်ခန်းတိုင်းက ခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီတွေကို လောင်ကျွမ်းစေတာကြောင့် ဝိတ်လျော့ချင်သူတွေအတွက်ဆိုရင်လည်း အဆီတွေကိုလျော့ကျသွားစေတာကြောင့် စိတ်ကျေနပ်စရာကောင်းနေမှာပါနော်။

အချိန်အများကြီးလည်းပေးစရာမလိုပဲ နာရီဝက်လောက်ပြေးပေးရုံပဲဆိုတော့ ခက်ခဲတဲ့အရာတစ်ခုလိုမျိုး မတွေးထားပဲ လုပ်နိုင်အောင်လုပ်ကြည့်မယ်ဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ရော၊ စိတ်အတွက်ပါအများကြီးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်နော်။

Photo Source: Unsplash