တစ်ယောက်တည်းနေရင် အထီးကျန်တယ်လို့ တစ်ခါတစ်လေမှာ ခံစားရတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်တည်း ဖြစ်နေတိုင်း စိတ်ဓာတ်ကျအားငယ်တာမျိုး၊ အထီးကျန်ပြီး ဝမ်းနည်းတာမျိုးတွေ ဖြစ်နေစရာမလိုပါဘူး။ Single အဖြစ်နဲ့ နေထိုင်ခြင်းအတွက် သီးသန့်မဟုတ်ပါဘူး။ ငါတစ်ယောက်တည်းလည်း အေးဆေးပဲဆိုတဲ့စိတ်နဲ့သာ နေသွားမယ်ဆိုရင် ကိုယ့်အတွက် ဒီလိုကောင်းကျိုးတွေတောင် ရရှိလာမှာပါ။

လွတ်လပ်မှုအပြည့်အဝရှိခြင်း

ရည်းစားထားရင်တော့ ရည်းစားစကားနားထောင်ရမှာတွေ ရှိမှာပဲလေ။ ဒီတော့ သူချုပ်ချယ်တာ၊ သူပြောတာတွေကို လိုက်လုပ်ပေးနေရရင် အပြည့်အဝ လွတ်လပ်မှုမရှိဘူးဆိုတော့ တစ်ယောက်တည်းနေတာက ကိုယ့်စိတ်ကြိုက် အရာရာကိုလုပ်လို့ရမယ်။ ဘယ်သူ့အတွက်မှ တွေးပေးစရာမလိုဘူး။ ကိုယ့်စိတ်ကြိုက် လွတ်လပ်မှုကို အပြည့်အဝ ခံစားနိုင်ပါမယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာခြင်း

တစ်ယောက်တည်းနေတာကြာလာရင် ကိုယ့်ကိုယ်ကိုပဲ ပိုပြီးအားကိုးတတ်လာမယ်၊ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးတော့ ယုံကြည်မှုရှိလာပါလိမ့်မယ်။ တစ်ယောက်တည်းနေရတာကို ဝမ်းနည်းအားငယ်နေတာမျိုးမဖြစ်ပဲ စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားပြီးနေနိုင်မယ်ဆိုရင် ကိုယ့်အတွက် ကောင်းကျိုးတွေချည်း ရလာမှာပါ။

ကိုယ့်ကိုယ်ကိုအားကိုးတတ်လာခြင်း

တစ်ယောက်တည်းနေရင် သူများကို အားကိုးနေလို့မရဘူးဆိုတာကို သိလာပြီး တစ်ယောက်တည်း အရာရာကို လုပ်ဆောင်နိုင်လာမယ်၊ သတ္တိလည်းရှိလာပါမယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပိုပြီးအားကိုးတတ်လာပါမယ်။

ရင့်ကျက်လာခြင်း

တစ်ယောက်တည်းနေတာကြာလာရင် အပေါ်မှာပြောခဲ့သလိုတွေ ဖြစ်လာတဲ့အတွက် စိတ်ဓာတ်ပိုင်းမှာဆိုလည်း အရင်ထက်အများကြီး တိုးတက်ပြောင်းလဲလာမယ်၊ ရင့်ကျက်လာပါမယ်။ ပြီးရင် စာများများဖတ်ပေးပါ။

အတွေ့အကြုံအသစ်တွေရလာခြင်း

တစ်ယောက်တည်းနေပြီး အရာရာကို လုပ်ကြည့်ပါ။ တစ်ယောက်တည်း အဖော်မလိုပဲ ခရီးထွက်တာ၊ အရာရာကို စူးစမ်းလေ့လာတာတွေ စတင်လုပ်ကြည့်မယ်ဆိုရင် အတွေ့အကြုံအသစ်၊ ခံစားမှုအသစ်တွေ ရလာပါလိမ့်မယ်။