တစ်ယောက်ထဲဖြစ်နေရင် အထီးကျန်တယ်လို့ထင်ရပေမယ့် တကယ်တန်းတွေးကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီးပါ။ ဒါဆိုရင် တစ်ယောက်ထဲဖြစ်နေခြင်းက၊ တစ်ယောက်ထဲနေခြင်းက ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

တစ်ယောက်ထဲဖြစ်နေတဲ့အတွက် ကိုယ့်စိတ်နဲ့ကိုယ် ကြိုက်တာလုပ်လို့ရတယ်။ ဘယ်သူ့အတွက်မှလည်း တွေးပေးနေစရာမလိုသလို၊ ဘယ်သူ့ကိုမှလည်း ပြန်ကြည့်နေစရာမလိုပါဘူး။ ကိုယ်လုပ်ချင်တာကို စိတ်လွတ်ကိုယ်လွတ်နဲ့ လုပ်နိုင်တဲ့အတွက် စိတ်ပေါ့ပါးစေတယ်။ ပျော်ရွှင်စေတယ်။ ကျေနပ်မှုရရှိစေပါတယ်။

ကိုယ့်ကိုယ်ကို ပိုပြီး အချိန်ပေးနိုင်လာပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ရှိလာမယ်။ ကိုယ့်အတွက် ကိုယ်ပဲရှိတယ်ဆိုတဲ့ စိတ်မျိုးဝင်လာတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှုရှိလာမယ်။ သူများကိုအားမကိုးပဲ ကိုယ့်ကိုယ်ကိုပဲ အားကိုးတက်လာတဲ့အတွက် ပိုပြီးတော့ ရဲရင့်လာမယ်။ ပြတ်သားလာမယ်။

ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်လာမယ်။ ပိုပြီးတော့ ဂရုစိုက်တတ်လာမယ်။ ဘဝတိုးတက်အောင် လုပ်ချင်စိတ်တွေ၊ ကြိုးစားချင်စိတ်တွေ ပိုပြီး ဖြစ်လာပါလိမ့်မယ်။

အနှောင်အဖွဲ့တွေမရှိတဲ့အတွက် ပူဆွေးဝမ်းနည်းရတာတွေ လျော့သွားပါလိမ့်မယ်။ သူများကို ချစ်ရတာက ပူလောင်တဲ့အတွက် ဘယ်သူ့ကိုမှမချစ်တော့ပဲ တစ်ယောက်ထဲဖြစ်လာတဲ့အခါမှာတော့ ဒီလိုခံစားရတာတွေ၊ ဝမ်းနည်းပူဆွေးရတာတွေက မရှိတော့ပါဘူး။ သံယောဇဉ်တွေမထားတော့ပဲ၊ ဘယ်သူ့ကိုမှ မဖက်တွယ်တော့ပဲ တစ်ယောက်ထဲနေနိုင်သွားရင် စိတ်အေးချမ်းပြီး ပျော်ရွှင်ရတယ်၊ စိတ်ချမ်းသာရပါတယ်။

တစ်ယောက်ထဲနေရတာ အထီးကျန်တယ်လို့တွေးနေမယ့်အစား ဒီလိုအတွေးတွေပြောင်းတွေးပြီး အရာအားလုံးကို ပြင်ဆင်ပြီးနေနိုင်ရင် တစ်ယောက်ထဲနေရတာက ပိုကောင်းတယ်ဆိုတဲ့ အတွေးမျိုး ရသွားပါလိမ့်မယ်။

Photo Source: www.freepik.com