တချို့က Head Massage လုပ်တာကို ဇိမ်ခံရုံသက်သက်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ခေါင်းမလျှော်ခင် Head Massage လုပ်ပေးတာက ဇိမ်ခံတာမဟုတ်ပါဘူး။ ဒီလိုနှိ်ပ်ပေးတာက ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို တိုးမြှင့်စေပြီး ဦးရေပြားနဲ့ ဆံပင်ကို အများကြီး အထောက်အကူပြုပါတယ်။

ကြွက်သားတင်းမာမှုကို သက်သာစေတာ

ခေါင်းမကြာကြာကိုက်တာ ၊ ခေါင်းတခြမ်းကိုက်တာကို အမြဲခံစားနေရရင် ခေါင်းမလျှော်ခင် ခေါင်းကိုက်တတ်တဲ့နေရာကို Head Massage လုပ်ကြည့်ပါ။ ဒီလိုနှိပ်ပေးတာက ဦးရေပြားရဲ့ ကြွက်သားတွေတင်းမာမှုကို လျှော့ချပေးတာမလို့ သက်သာမှုကို သိသိသာသာ ခံစားရပါတယ်။

စိတ်ဖိစီးမှုကိုသက်သာစေတာ

ခေါင်းကိုပုံမှန်နှိပ်ပေးတာက စိတ်ဖိစီးမှုကို ထိရောက်စွာ လျော့ကျစေပြီး စိတ်တည်ငြိမ်မှုနဲ့ ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အိပ်ပျော်စေတာ

နှိပ်တာက ကြွက်သားတင်းမာမှုကို သက်သာစေပြီး စိတ်ကို ပြေလျော့စေတာမလို့ ခေါင်းလျှော်ပြီးရင် အိပ်လို့ကောင်းတာကို သတိထားမိမှာပါ။

ဆံသားကျန်းမာတာ

ဦးရေပြားကို နှိပ်ပေးတာက ဆံပင်မွေးညင်းပေါက်တွေ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးတာမလို့ ဆံသားကို ကျန်းမာစေပြီး အရှည်မြန်စေပါတယ်။

စိတ်ဓာတ်တက်ကြွစေတာ

Head Massage လုပ်တာက ခန္ဓာကိုယ်ရဲ့ သဘာဝ ” Feel-Good ” ဟော်မုန်းထွက်ရှိမှုကို တိုးစေတာမလို့ စိတ်ဓာတ်တက်ကြွစေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။